20 May, 2012

ကျဘန်း ပို့စ်ခေါင်းစဉ်များ ဖော်ပြခြင်း

ကိုယ့်ဘလော့ဂ်မှာ ရှိတဲ့ ပို့စ်တွေ အများကြီးထဲကမှ ကြုံရာကျဘန်း ပို့စ် (၁၀) ပုဒ်ရဲ့ ခေါင်းစဉ်လေးတွေကို တင်ပြပေးချင်တယ်ဆိုရင်တော့ ဒီပို့စ်မှာ လေ့လာသွားနိုင်ပါတယ်။ တကယ်လို့ ကလစ်တစ်ချက်နှိပ်တာနဲ့ ကျဘန်းပို့စ်တစ်ခု ဖော်ပြပေးစေချင်တယ် ဆိုရင်တော့ ဒီမှာသွား လေ့လာပါ။

ကဲ ... ကျနော်တို့ ထည့်မှာက Gadget ဆိုတော့ ထုံးစံအတိုင်း

Layout >> Add Gadget မှာ HTML / Javascript ကို ရွေးပေးပြီး အောက်ပါ စာကြောင်းတွေကို ကူးထည့်ပြီး Save နှိပ်လိုက်ရုံနဲ့ အဆင်ပြေသွားပါပြီ။

တကယ်လို့ ကိုယ် ဖော်ပြချင်တဲ့ ပို့စ် အရေအတွက်ဟာ တစ်ဆယ် မဟုတ်ဘူး ဆိုရင်တော့ စာကြောင်းရေ (၅) မှာ ဂဏန်း သွားပြင်ပေးပါ။

ကျဘန်း ပို့စ်တစ်ပုဒ် ဖော်ပြခြင်း

ကျနော်တို့ ဘလော့ဂ်တစ်ခုကို သွားလည်ပြီး စာတွေ သွားဖတ်တဲ့အခါ တင်ထားတဲ့ စာတွေက များနေတော့ ဘယ်က စဖတ်လို ဖတ်ရမှန်း မသိ ဖြစ်တတ်ပါတယ်။ အဲဒီလို အချိန်မျိုးမှာ စိတ်ကလည်း ကြုံရာ ကျဘန်း ဖတ်ချင်နေတယ်။ တကယ်လို့ ကလစ်တစ်ချက် နှိပ်လိုက်တာနဲ့ ကျဘန်းပို့စ်တစ်ပုဒ် ဖော်ပြပေးမယ်ဆိုရင် အဲဒီစာဖတ်သူအတွက် အတော်လေး အဆင်ပြေသွားမှာပါ။ အခု ဒီသင်ခန်းစာမှာ ကျနော်အနေနဲ့ လင့်တစ်ချက် နှိပ်လိုက်တာနဲ့ ကျဘန်းပို့စ် တစ်ပုဒ် ဖော်ပြနိုင်ဖို့ ဘယ်လို လုပ်ရမလဲ တင်ပြပေးချင်ပါတယ်။ Gadget တစ်ခုအနေနဲ့ လုပ်ရမှာဆိုတော့ Dashboard >> Layout >> Add Gadget မှာ HTML / JavaScript ရွေးပြီး အောက်ပါ စာကြောင်းတွေကို ထူးထည့်ပေးပြီး Save လုပ်လိုက်ပြီ။ ဒါဆို အဆင်ပြေသွားပါပြီ။ 



တကယ်လို့ ကျဘန်းပို့စ်ကို တစ်ပုဒ်ထက်မက ပြချင်ပြီး ခေါင်းစဉ်တွေပဲ ဖော်ပြချင်တယ်ဆိုရင်တော့ ဒီပို့စ်မှာ သွားလေ့လာနိုင်ပါတယ်။

04 May, 2012

Showing posts with label စာတန်းကို ဖျောက်ခြင်း


Label တစ်ခုချင်းစီနဲ့ ရှာတဲ့အခါမှာ ပို့စ်တွေရဲ့ အပေါ်မှာ အထက်ပါ ပုံအတိုင်း Showing posts with label .......  Show all posts ပါလာပါလိမ့်မယ်။ တစ်ခါတလေမှာ အကြောင်းကြောင်းကြောင့် အဲဒီ စာတမ်းကို ဖြုတ်ချင်တဲ့ အခါလည်း ရှိဦးမှာပေါ့။ အဲဒီ စာတန်းကို ဖြုတ်ပစ်ချင်တယ် ဆိုရင်တော့ အောက်မှာ ဖော်ပြမယ့် နည်းအတိုင်း လုပ်ကြည့်လိုက်ပါ။

၁။ Dashboard > Layout > Edit HTML မှာ Expand Widget Templates ကို အမှန်ခြစ် ခြစ်ဖို့ မမေ့ပါနဲ့။

၂။ အောက်ပါ ကုဒ် စာသားတွေကို လိုက်ရှာပါ။

<b:includable id='status-message'>
<b:if cond='data:navMessage'>
<div class='status-msg-wrap'>
<div class='status-msg-body'>
<data:navMessage/>
</div>
<div class='status-msg-border'>
<div class='status-msg-bg'>
<div class='status-msg-hidden'><data:navMessage/></div>
</div>
</div>
</div>
<div style='clear: both;'/>
</b:if>
</b:includable>

၃။ ရှာတွေ့ပြီ ဆိုရင်တော့ အောက်ပါ ကုဒ်နဲ့ အစားထိုးပေးပါ။

<b:includable id='status-message'>
<b:if cond='data:navMessage'>
<div>
</div>
<div style='clear: both;'/>
</b:if>
</b:includable>

ဒါဆို Save လိုက်ရုံနဲ့ ကျနော်တို့ မလိုချင်တဲ့ Showing posts with label ဆိုတဲ့ စာတန်း ပျောက်သွားပါလိမ့်မယ်။

28 April, 2009

လက်ကိုင်ဖုန်းနဲ့ ဘလော့ဂ် ဖတ်လို့ရအောင် (Mobile Blogging)

ဘလော့ဂင်းနဲ့ ပတ်သက်ပြီး ပို့စ်တွေ မရေးဖြစ်တာလည်း အတော်လေးကို ကြာသွားပါပြီ။ အဓိက အကြောင်းအရင်းကတော့ ကျနော် စာမဖတ်နိုင်တဲ့ ပြဿနာပါ။ ဒီမနက် နည်းနည်း အားနေတာနဲ့ နိုင်ငံခြား ဘလော့ဂ်တွေ လိုက်ဖတ် လိုက်လေ့လာရင်း လုပ်ချင်တာလေး တစ်ခု သွားတွေ့လို့ စမ်းသပ်ရင်း ပို့စ်တင်မယ်လို့ စိတ်ကူးရသွားပါတယ်။ အဲဒါ ကျနော်တို့ရဲ့ ဘလော့ဂ်ပို့စ်တွေကို လက်ကိုင်ဖုန်းကနေ ဖတ်လို့ ရအောင် လုပ်ခြင်းပါ။ လက်ရှိ ဘလော့ဂ် စာမျက်နှာအတိုင်း ဆိုရင် လက်ကိုင်ဖုန်းကနေ ဖတ်လို့ မရပါဘူး။ ဒါကြောင့် မျက်နှာပြင်ကျဉ်းတဲ့ လက်ကိုင်ဖုန်းကနေ ဖတ်လို့ရအောင် လုပ်ပေးဖို့ လိုပါတယ်။ ဟို အရင်ကတော့ အဲဒီလို လုပ်ဖို့အတွက် သီးသန့် တစ်ခုချင်းစီ ပြန်ပြင်ရမယ်လို့ ထင်ထားခဲ့တာပါ။ ဒီနေ့ Tech Dreams ရဲ့ ပို့စ်တစ်ပုဒ်ကို ဖတ်ပြီးမှ အတော်လေး လွယ်ကူမှန်း သိလိုက်ရတယ်။ ကျနော် အနေနဲ့ အရင်တုန်းက အခြေအနေနဲ့ဆို အခုလို Mobile Blog လုပ်ဖို့ စိတ်ကူး ရှိမှာ မဟုတ်ပါဘူး။ အခုတော့ Zawgyi နဲ့ တခြား Unicode Font တချို့ကို လက်ကိုင်ဖုန်းတွေမှာ ထည့်သွင်းလို့ ရလာတာ တွေ့ရတော့ ကိုယ်ရဲ့ ဘလော့ဂ်ကို လက်ကိုင်ဖုန်းနဲ့ ဖတ်လို့ရရင် ကောင်းလေစွလို့ ဆန္ဒ ဖြစ်မိတာကြောင့် အကောင်အထည် ဖော်လိုက်ပါတယ်။ ဒါပေမယ့် တကယ်တမ်းဆို ကျနော်တို့ မြန်မာနိုင်ငံကနေ လက်ကိုင်ဖုန်းနဲ့ အင်တာနက် သုံးလို့ မရသေးတာကြောင့် အခုလို Mobile Blog က အသုံးမတည့်ပေမယ့် နိုင်ငံခြားရောက် မြန်မာတွေအတွက် လွယ်လင့်တကူ ဖတ်ရှုနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို Mobile friendly Blog လုပ်နည်းကို တင်ပြပေးလိုက်ပါတယ်။ ကဲဗျာ ကျနော်တို့ စပြီး လေ့လာလိုက်ရအောင်။

Mofuse အကြောင်း
Mofuse ဆိုတာ ကျနော်တို့ရဲ့ ဘလော့ဂ် (သို့မဟုတ်) တခြား ဝက်ဆိုဒ်တွေကို လက်ကိုင်ဖုန်းမှာ အဆင်ပြေပြေ ဖတ်လို့ရအောင် ပြုပြင်ပေးတဲ့ ဝန်ဆောင်မှုကို အခမဲ့ လုပ်ဆောင်ပေးနေတဲ့ Web service တစ်ခုပါ။ Mofuse ကို အသုံးပြုပြီး iPhone (သို့) တခြား လက်ကိုင်ဖုန်းမှာ အဆင်ပြေပြေ ဖတ်နိုင်မယ့် အင်တာနက် စာမျက်နှာအဖြစ် ပြောင်းလဲပေးပါတယ်။ နာမည်ကျော်ကြားနေတဲ့ Digital Inspiration, LiveSide နဲ့ ReadWriteWeb တို့လို ဘလော့ဂ်တွေကတောင် ဒီဝန်ဆောင်မှုကို သုံးပြီး သူတို့ကိုယ်တိုင် ညွှန်းထားတာဆိုတော့ မကောင်းဘဲ ဘယ်နေမလဲဗျာ။ အကောင်းတကာ့ အကောင်းဆုံးကတော့ အလကားရလို့ဗျ။

Mobile Blog ဖန်တီးခြင်း
လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်ကို အဆင့်တွေနဲ့ ခွဲခြား တင်ပြသွားပါ့မယ်။

၁။ www.mofuse.com ကို ဝင်ပြီး Account အသစ်တစ်ခု ဖန်တီးလိုက်ပါ။ အီးမေးလ် လိပ်စာနဲ့ စကားဝှက်တစ်ခု တောင်းပြီး အလွယ်တကူနဲ့ ပြီးစီးသွားပါလိမ့်မယ်။ အကောင့်အသစ် လုပ်ပြီးတာနဲ့ တပြိုင်နက်တည်း Login အလိုအလျောက် လုပ်သွားပါလိမ့်မယ်။

၂။ စာမျက်နှာရဲ့ ဘယ်ဘက် Sidebar မှာ Launch a Mobile Site ဆိုတဲ့ လင့်ခ်ကို ကလစ်နှိပ်ပေးပါ။ Launch a New Mobile Site ဆိုတဲ့ ခေါင်းစဉ်နဲ့ စာမျက်နှာ တက်လာပါလိမ့်မယ်။


၃။ အထက်ပုံကအတိုင်း အဆင့် (၁) မှာ ဆိုရင်
Site Name => ကိုယ် ကြိုက်နှစ်သက်တဲ့ နာမည်ကို ပေးလို့ရပါတယ်။
Site ID (URL) => ကိုယ် ကြိုက်နှစ်သက်ရာ လိပ်စာ တစ်ခု ရွေးပေးပါ။ ကိုယ်ပေးတဲ့ လိပ်စာ လုပ်ထားပြီးသား မရှိရင် Site ID is good ဆိုတာ ပေါ်လာပါလိမ့်မယ်။ တကယ်လို့ မပေါ်ရင် အသစ်ပြန်ရွေးရမှာပေါ့။
Category မှာတော့ ဘလော့ဂ်အမျိုးအစား ရွေးပေးရုံပါ။


၎။ အထက်ပုံက အတိုင်း အဆင့် (၂) မှာ ဆိုရင်
RSS Feed Title => ဒါကတော့ ထုံးစံအတိုင်း နာမည်တစ်ခု ပေးရုံပါ။
RSS Feed URL => ကိုယ့် ဘလော့ဂ်ရဲ့ RSS feed လိပ်စာကို ထည့်ပေးရမယ်။ ကျနော် နမူနာထည့်ပြထားတာက ကျနော်ရဲ့ ဘလော့ဂ် Feed ပါ။ http://pikay.myanmarbloggers.org/feeds/posts/default ဆိုတဲ့ အထဲက pikay.myanmarbloggers.org မှာ ကိုယ်ရဲ့ ဘလော့ဂ် လိပ်စာ ထည့်လိုက်ရင်ကို အဆင်ပြေပါပြီ။ လိပ်စာ မှန်ရင် RSS Feed URL is Valid လို့ ပေါ်လာပါလိမ့်မယ်။ မပေါ်ရင်တော့ တစ်ခုခု မှားနေပြီပေါ့။ တချို့ကျ FeedBurner လို ဝန်ဆောင်မှုမျိုး သုံးပြီး Feeding လုပ်ကြပါတယ်။ ဒါဆိုလည်း သူပေးထားတဲ့ လိပ်စာကို ထည့်လို့ရပါတယ်။

၅။ အဆင့် (၃) မှာ သူတို့ရဲ့ သဘောတူညီချက်ကို ထောက်ခံတဲ့အနေနဲ့ အမှန်ခြစ် ခြစ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် Launch Your Mobile Site ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် အားလုံး ပြီးဆုံး သွားပါပြီ။ ဘယ်လို ပုံစံ ပေါ်မလဲဆိုတာ နမူနာ ကြည့်ကြည့်ချင်ရင်တော့ အဆင့် (၁) မှာ တုန်းက ပေးထားတဲ့ လိပ်စာ (ဥပမာ http://pkmobile.mofuse.mobi) ကို Browser မှာ ရိုက်ထည့်ပြီး စမ်းကြည့်နိုင်ပါတယ်။

ကိုယ်ပိုင် ဒိုမိန်းအဖြစ် ပြောင်းလဲခြင်း
အခုဆိုရင် လက်ကိုင်ဖုန်းကနေ ကျနော်တို့ရဲ့ ဘလော့ဂ်ကို ခေါ်ပြီး ဖတ်ရှုလို့ရပါပြီ။ ဖတ်ချင်တဲ့ သူက အင်တာနက် လိပ်စာ အဖြစ် အဆင့် (၁) မှာ ကိုယ့်ဖာသာ ဖြည့်ထည့်ထားတဲ့ လိပ်စာ (ဥပမာ http://pkmobile.mofuse.mobi) နဲ့ ဖတ်လို့ ရပါပြီ။ mofuse.mobi ဆိုတဲ့ ဒိုမိန်းက Mofuse ရဲ့ ကိုယ်ပိုင်ဒိုမိန်းပါ။ တကယ်လို့ ကျနော်တို့မှာ ကိုယ်ပိုင် ဒိုမိန်းတစ်ခု ရှိရင် လိပ်စာကိုလည်း ကိုယ်ပိုင် ဒိုမိန်းနဲ့ ဖြစ်ချင်သပါ့ ဆိုရင်လည်း လုပ်လို့ရအောင် Mofuse ရဲ့ ဝန်ဆောင်မှု အဖြစ် ထည့်ပေးထားတယ်။ ဒါကြောင့်လည်း လွယ်လင့်တကူ ကိုယ်ပိုင် ဒိုမိန်းနဲ့ လိပ်စာကို ပိုင်ဆိုင်နိုင်ပါတယ်။ အဆင့် ၂ ဆင့်တည်းနဲ့ လွယ်လွယ်ကူကူ ပြောင်းလို့ ရပါတယ်။ ဥပမာ ကျနော်အနေနဲ့ လိပ်စာကို http://pkmobile.mofuse.mobi အစား http://mobi.pikay.org ဖြစ်ချင်တယ် ဆိုကြပါစို့။

၁။ MoFuse.com စာမျက်နှာရဲ့ ညာဘက်မှာ Custom Domain ဆိုတဲ့ လင့်ခ် ရှိပါတယ်။ အဲဒါကို ကလစ်နှိပ်ပြီး ကျနော်တို့ လိုချင်တဲ့ ဒိုမိန်းလိပ်စာ ပြောင်းကြရအောင်။


အထက်က ပုံအတိုင်း ပေါ်လာပြီ ဆိုရင် ကွက်လပ် နေရာမှာ ကျနော်တို့ လိုချင်တဲ့ ပြောင်းချင်တဲ့ လိပ်စာလေး ( ဥပမာ mobi.pikay.org ) ရိုက်ထည့်ပေးပါ။ ပြီးရင် Save ခလုတ် နှိပ်လိုက်ရင် pkmobile.mofuse.mobi ကနေ mobi.pikay.org အဖြစ် ပြောင်းလဲသွားပါပြီ။ ဒါပေမယ့် တကယ် အလုပ်လုပ်နိုင်ဖို့ ဒုတိယအဆင့်ကိုလည်း ဆက်လုပ်ရပါဦးမယ်။

၂။ ဒီအဆင့်မှာက ကျနော်တို့ လိုချင်တဲ့ ဒိုမိန်းရဲ့ DNS Setting ကို ဝင်ပြင်ပေးရပါမယ်။ ကျနော်တို့ ဒိုမိန်းကို ဝယ်တဲ့နေရာ မတူတာကြောင့် ဘယ်ပုံ ဘယ်နည်း သွင်းရမလဲဆိုတာ တစ်ခုနဲ့ တစ်ခု မတူနိုင်ပါဘူး။ Domain Controller Service တွေဖြစ်တဲ့ Enom, GoDaddy, Dreamhost စတာတွေရဲ့ WebSite အပြင်အဆင်ပေါ် မူတည်ပြီး ကွဲပြား သွားပါတယ်။ ဒါပေမယ့် ထည့်သွင်းရမှာကတော့ CName Record တစ်ခု အသစ်ထည့်ပေးဖို့ပါပဲ။ ကျနော်ရဲ့ ဒိုမိန်းက pikay.org ပါ။ ဝယ်ထားတာ Enom ဆီက။ ကျနော် အသစ်ထည့်ချင်တဲ့ subdomain နာမည်က mobi ပါ။ ဒါကြောင့် CName Record အသစ်တစ်ခု တည်ဆောက်ပြီး mobi နာမည်နဲ့ pkmobile.mofuse.mobi. ဆီကို ညွှန်လိုက်ရင် အိုကေပါပြီ။

mobi <===> CNAME <===> pkmobile.mofuse.mobi.

ကိုယ်ပိုင် ဒိုမိန်းကို Setting မပြင်ဖူးတဲ့ သူအနေနဲ့ အတော်လေး အခက်တွေ့မယ် ထင်ပါတယ်။ မမြင်ဖူးလို့ မူးမြစ်ထင်တာပါ။ တကယ်တမ်း လုပ်ကြည့်လိုက်ရင် လွယ်လွယ်လေး ဆိုတာ တွေ့ပါလိမ့်မယ်။ မလုပ်တတ်ရင်လည်း ပြဿနာ မရှိပါဘူး။ သူ နဂိုပေးထားတဲ့ လိပ်စာ ဖြစ်တဲ့ http://pkmobile.mofuse.mobi နဲ့ သုံးလည်း အဆင်ပြေနေတာပါပဲ။ ကိုယ်ပိုင် ဒိုမိန်းနဲ့ ဆိုတော့ ကြည့်ရတာ ပသာဒ ဖြစ်တာပေါ့။ ဒါပါပဲ။ သူများကို လိပ်စာပေးရင် အဆင်ပြေတာပေါ့။ http://mobi.pikay.org ဆိုတော့ မှတ်လို့ လွယ်သလားပဲ။ ကိုယ်ပိုင် ဒိုမိန်းအဖြစ်နဲ့ ပြောင်းတာ နာမည်လေး ပြောင်းသွားရုံထက် ဘာမှ မပိုပါဘူး။

အိုကေဗျာ။ ဒီလောက်ဆိုရင် ကိုယ်ရဲ့ ဘလော့ဂ်ကို လက်ကိုင်ဖုန်းနဲ့ အဆင်ပြေပြေ ဖတ်နိုင်ဖို့ လုပ်တဲ့ အဆင့်တွေ ပြီးသွားပါပြီ။ ဒီမှာ ပြောစရာ နည်းနည်း ရှိလာပါတယ်။

၁။ အပွင့်လင်းဆုံး ပြောရရင် ကျနော် လုပ်တာ လုပ်ထားကြည့်တယ်။ တကယ်တမ်း ဖုန်းနဲ့ ဖတ်လို့ ရမရ ကိုယ်တိုင် မစမ်းကြည့်ရသေးပါဘူး။ အဆင်ပြေမယ်လို့ ယူဆလို့ တင်ပြလိုက်တာပါ။
၂။ လက်ကိုင်ဖုန်းမှာ ဖတ်လို့ရတယ် ဆိုပေမယ့် ဖုန်းပေါ်မှာ ပေါ်တဲ့ အပြင်အဆင်ကိုတော့ ခံတွင်းမတွေ့ပါဘူး။ ရိုးရိုးရှင်းရှင်းကြီး ဖြစ်နေတယ်။ ဒီထက် အပြင်အဆင် ကောင်းတဲ့ လုပ်နည်း တွေ့လာရင် ထပ်ပြီး ဝေမျှ ပေးပါဦးမယ်။
၃။ အခု MoFuse.com ရဲ့ လုပ်ဆောင်ချက်မှာ အခရာ ကျတာက RSS Feeds ပါ။ ဒါကြောင့် RSS Feeds ထွက်တဲ့ ဘယ်လို WebSite မျိုးမဆို MoFuse ကို သုံးပြီး ပြောင်းလို့ ရပါတယ်။ RSS Feeds က အခရာ ကျတဲ့ အတွက်ကြောင့်လည်း တကယ်လို့ တချို့ ဘလော့ဂ်တွေမှာ RSS ကို ပိတ်ထားမယ်ဆိုရင် ပြောင်းလို့ရမှာ မဟုတ်ပါဘူး။ Blogger.com မှာ Site Feed ကို သုံးမျိုးရွေးချယ်လို့ ရပါတယ်။ None, Short, Full ဆိုပြီး သုံးမျိုး ရှိတဲ့ အထဲကမှ Site Feed => Full ကို ရွေးထားတဲ့ ဘလော့ဂ်တွေမှ လက်ကိုင်ဖုန်းနဲ့ စာအကုန် ဖတ်လို့ရပါလိမ့်မယ်။
၎။ ဘလော့ဂ်တွေ ရေးကြတဲ့ အခါမှာ Blogger.com နဲ့ Wordpress.org အသုံးများတာ လူတိုင်း သိပြီးမှာပါ။ အဲဒီ နှစ်ခုမှာ Wordpress.org အားသာတဲ့ အချက် တစ်ချက် ရှိပါတယ်။ ကွန်ပြူတာနဲ့ ဖတ်နေကြ ဘလော့ဂ် လိပ်စာကို လက်ကိုင်ဖုန်းနဲ့ ခေါ်ကြည့်မယ်ဆိုရင် Blogger.com သမားတွေအတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။ အထက်က နည်းအတိုင်း ပြောင်းထားတဲ့ လိပ်စာနဲ့ ခေါ်မှ အဆင်ပြေပါလိမ့်မယ်။ ဒါပေမယ့် Wordpress သမားတွေ အတွက်တော့ လိပ်စာကို အဟောင်းနဲ့ပဲ ခေါ်ပေမယ့် PC နဲ့ ကြည့်ရင် PC Version ဖွင့်ပေးပြီး Mobile နဲ့ ဆိုရင် Mobile Version အနေနဲ့ သူ့ အလိုအလျောက် သင့်လျော်ရာ Web Site ကို ပြောင်းလဲပေးပါတယ်။

အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။ မရှင်းတာရှိလဲ အားမနာတမ်း မန့်ခဲ့ကြပါဦး။

21 November, 2008

Yahoo Pipe ဖြင့် Blog list တစ်ခု ဖန်တီးခြင်း



Acknowledgement :

တစ်နေ့က မျက်လုံးနဲ့ လက်ဘက်ရည်ဆိုင် ထိုင်ကြရင်း ဘလော့ဂ်အကြောင်း ပြောကြရင်းနဲ့က Blog List အကြောင်း ရောက်သွားခဲ့တယ်။ ကျနော် Blogger ရဲ့ Blog List လုပ်ရတာ သိပ်ဘဝင်မကျတဲ့အကြောင်း ပြောပြတော့ မျက်လုံးက Blog List ကို စိတ်တိုင်းကျ လုပ်ချင်သလို လုပ်လို့ရကြောင်း နည်းလမ်း ဖတ်ဖူးကြောင်း ပြောတော့ ကျနော် အရမ်း ဝမ်းသာသွားတယ်။ ဒါနဲ့ သူ့ကို မေးကြည့်တော့ အတိအကျတော့ သူလည်း မေ့နေပြီ။ WeSheMe ရေးထားတာကို DeGoLar က ပြန်ညွှန်းရေးထားတာတော့ မှတ်မိတယ်လို့ ပြောပါတယ်။ WeSheMe ရေးထားတာတော့ ကြာပြီ။ DeGoLar ရေးထားတာတော့ နှစ်လလောက်ပဲ ရှိသေးတယ်တဲ့။ ဒါနဲ့ ကျနော်လည်း အိမ်ပြန်ရောက်တာနဲ့ DeGoLar ရဲ့ ဘလော့ဂ်ကို ပြေးပြီး အဲဒီပို့စ်ကို ရှာဖတ်ပါတော့တယ်။ သူ့ပို့စ်မှာ အတိအကျ ရှင်းမပြထားတာကြောင့် သူပြန်ညွှန်းထားတဲ့ WeSheMe ရဲ့ ပို့စ်ကို ထပ်ပြေးဖတ်လိုက်မိတယ်။ ကျနော် စမ်းကြည့်လိုက်တော့ အတော်လေး အဆင်ပြေပြီး လုပ်ချင်သလို လုပ်လို့ရတာ တွေ့ရတော့ အတော်လေး ဝမ်းသာသွားတယ်။ ဒါပေမယ့် ဘာလို့ ဘလော့ဂ်တွေမှာ မတွေ့ရတာလဲလို့ ပြန်တွေးမိပြီး လုပ်နည်း ပြန်တင်လိုက်ဦးမယ်လို့ စိတ်ကူးလိုက်မိတယ်။ ဒီပို့စ်ဖြစ်မြောက်ဖို့ အဓိက WeSheMe နဲ့ DeGoLar ကို ကျေးဇူးတင်သလိုပဲ ညွှန်ပြပေးတဲ့ သယ်ရင်း မျက်လုံးကိုလည်း အထူးအထူး ကျေးဇူးတင်ကြောင်း .....

Yahoo Pipe ရဲ့ အားသာချက်က ကျနော်တို့ ထည့်ချင်သလောက် Feed အရေအတွက် ထည့်လို့ရပါတယ်။ နောက်ပြီး တစ်ဘလော့ဂ်ကို တစ်ပို့စ်ပဲ ပေါ်ချင်တယ်။ ဒါမှမဟုတ် ၅ ပို့စ် ပြချင်တယ် ဆိုပြီး ကြိုက်သလို စီမံလို့ရသလိုပဲ၊ ကြီးစဉ်ငယ်လိုက်လား ငယ်စဉ်ကြီးလိုက်လား အဆင်ပြေသလို စီလို့ရတယ်။ ရက်စွဲနဲ့ စီမလား၊ ခေါင်းစဉ်နဲ့ စီမလား၊ ဘလော့ဂါနာမည်နဲ့ စီမလား ကြိုက်သလို ကြီးစဉ်ငယ်လိုက် စီလို့ ရသဗျာ။ နောက်ပြီး Programming အနည်းအကျဉ်း နားလည်တဲ့သူအတွက် အတော်လေး ကလိလို့ကောင်းကြောင်း ထောက်ခံပါရစေ။ အဓိက ကြိုက်တဲ့အချက်က Idea ကွန့်မြူးရင် ကွန့်မြူးသလောက် လုပ်နိုင်တယ်လို့ ပြောရင်း ဘယ်လို လုပ်ရမလဲ ဆိုတာကို စပြောကြရအောင်။

ကျနော် ထုံးစံအတိုင်း လေ့ကျင့်ခန်း တစ်ခုနဲ့ ရှင်းပြချင်ပါတယ်။ မရှင်းပြခင် သိထားသင့်တာ တချို့က
  1. အခု ရှင်းပြမယ့် URL တွေက Blogspot ကိုပဲ ရည်ညွှန်းပါတယ်။ Wordpress ဆိုရင် feed က တစ်မျိုးဖြစ်နိုင်ပါတယ်။
  2. အရိုးရှင်းဆုံးနဲ့ အခြေခံကို မြင်သာအောင် ပြချင်တာကြောင့် Function များများစားစား မထည့်တော့ပါဘူး။ အခြေခံလောက်ပေါ့။ ကျန်တာ ကိုယ့်ဖာသာ ဆက်ပြီး ကလိပါလေ။
  3. Yahoo Pipe ဟာ Flow Chart ဆွဲသလို Diagram ပုံနဲ့ Program တစ်ပုဒ် ဖန်တီးခြင်းပါ။ လိုချင်တဲ့ Function ကို Drag & Drop ဆွဲယူပြီး ထည့်ပေးရပါမယ်။
  4. Yahoo Pipe မှာ Diagram ပုံတစ်ပုံ ဖန်တီးယူပြီး အဲဒီ Diagram ရဲ့ result ကို Javascript နဲ့ Blogger မှာ ယူသုံးပါ့မယ်။
မရှင်းဘူးလား။ ကိစ္စ မရှိပါဘူး။ အောက်မှာ ပြောမယ့် လေ့ကျင့်ခန်းကို တစ်ဆင့်ချင်း လိုက်လုပ်ကြည့်ပါ။


Yahoo Pipe တွင် Diagram တစ်ခု တည်ဆောက်ခြင်း


အရင်ဆုံး Yahoo Pipe ကို ခေါ်ပါ့မယ်။ သိပ်သေချာတာပေါ့။ ကျနော်တို့ အကောင့်တစ်ခု လုပ်ရမယ်။ တကယ်လို့ Yahoo Account ရှိပြီးသားသူ ဆိုရင်တော့ အဲ့အကောင့်နဲ့ ဝင်လိုက်ပါ။ Log In လုပ်ပြီးပြီဆိုရင် အပေါ်ဆုံး Menu မှာ Create a pipe ဆိုတာ ရှိပါတယ်။ ဝင်လိုက်ပါ။ ဒါဆို Diagram Editor ကျလာပါမယ်။ ဘယ်ဘက်အခြမ်းကို ကြည့်လိုက်ပါ။ Sources ရဲ့ အောက်မှာ အပေါင်းလက္ခဏာနဲ့ အများကြီး တွေ့ရပါမယ်။ ကျနော်ရဲ့ လေ့ကျင့်ခန်းအရ Fetch Feed ကို ရွေးပြီး ညဘက်က Editor ထဲ ဆွဲထည့်လိုက်ပါ။ ဒါမှမဟုတ် အပေါင်းလက္ခဏာ နှိပ်လိုက်ပါ။ ကျန်တာတွေက ဘာလဲလို့ မေးလာရင် ပွင့်ပွင့်လင်းလင်း ပြောပါ့မယ်။ ကျနော်လည်း မသိသေးပါဘူး။ အိုကေ Fetch Feed နာမည်နဲ့ Box တစ်ခု ကျလာပြီး အောက်မှာ + URL ဆိုတာတွေ့ပါမယ်။ သူ့အောက်မှာတော့ အနုတ်လက္ခဏာနဲ့ ဘေးမှာ Text Box တစ်ခု ရှိပါမယ်။ အဲဒီ Text Box ထဲမှာ URL (Blog Address) ထည့်ပေးရမယ်။ ထည့်ထားတာ ဖျက်ပစ်ချင်ရင်တော့ ဘေးနားက အနုတ်ကို နှိပ်လိုက်ပါ။

URL ထည့်တဲ့ အခါမှာ http://pikay.myanmarbloggers.org ဆိုပြီး ခပ်ရှင်းရှင်း ထည့်လိုက်လို့ရပါတယ်။ ကျနော်က ဒီ ဥပမာမှာ နည်းနည်းလေး ကွန်ချင်တယ်။
  1. ပို့စ်တွေကို ပြချင်တယ်။ /feeds/posts (တကယ်လို့ ကွန်းမန့်တွေပဲ ပြချင်ရင် /feeds/comments)
  2. နဂို သက်မှတ်ထားတဲ့အတိုင်း ပို့စ်ကို ပြမယ်။ /default
  3. အဲဒီ ဘလော့ကနေ နောက်ဆုံး နှစ်ပို့စ်ပဲ ပြမယ်။ ? max-results=2
ဒီတော့ http://pikay.myanmarbloggers.org/feeds/posts/default? max-results=2 ဖြစ်သွားတယ်။ အဲဒီစာအတိုင်း URL Text Box မှာ ထည့်ပေးပါ။
နောက် ဘလော့ဂ်တစ်ခု ထပ်ထည့်ချင်သေးရင် URL ဘေးက + ကို နှိပ်လိုက်ပါ။ အိုကေ .. ကျနော် ဒီမှာ လင့်ခ် ငါးခု ထည့်ထားပါတယ်။

ကျနော် လုပ်ချင်တာက ခုနက ကျနော် ထည့်ထားတဲ့ ဘလော့ဂ် ငါးခုကြောင့် ပို့စ် ၁၀ ပုဒ် ရလာမယ်။ အဲဒီ ပို့စ် ဆယ်ပုဒ်ကို တင်တဲ့နေ့ပေါ် မူတည်ပြီး စီချင်တယ်။ နောက်ဆုံးတင်ထားတဲ့ ပို့စ်ကို အရင်ဆုံး မြင်ချင်တယ်။ ဒီတော့ Sorting လုပ်ရမယ်။
ဘယ်ဘက်က တတိယ တြိဂံတုံးဘေးမှာ Operators ဆိုတာ မြင်ရမယ် ထင်တယ်။ နှိပ်လိုက်ပါ။ ကျလာတဲ့ အထဲက ရှစ်ခုမြောက်မှာ Sort ရှိပါတယ်။ ကလစ်ဖိပြီး Editor ထဲ ဆွဲသွင်းလိုက်ပါ။ စာဖတ်သူတွေ သတိထားမိမလား မသိဘူး။ ခုနက ပြောတဲ့ Fetch Feed ဆိုတဲ့ Box ရဲ့ အောက်ဘက် အလယ်နားမှာ အလုံးလေး တစ်လုံး ရှိပါတယ်။ အခု ထည့်ထားတဲ့ Sort ဆိုတဲ့ Box ရဲ့ အပေါ်နဲ့ အောက်၊ အလယ်မှာလည်း အလုံးလေး တစ်လုံးစီ ရှိပါတယ်။ Pipe Output ဆိုတာရဲ့ အပေါ်ပိုင်း အလယ်မှာလည်း အလုံး တစ်လုံး ရှိပါတယ်။ Fetch Feed, Sort, Pipe Output ဆိုပြီး အထပ်အောက် စီပေးပါ။ နောက်ပြီး Fetch Feed အောက်က အလုံးကို ကလစ်ဖိပြီး မလွတ်ဘဲ ဆွဲလိုက်ရင် ပိုက်လိုင်းတစ်လိုင်း ပါလာပါလိမ့်မယ်။ အဲဒီ ပိုက်ကို မလွတ်တမ်း Sort ရဲ့ အပေါ်နားက အလုံးထိ ရောက်အောင် ဆွဲပြီးမှ လွတ်လိုက်ပါ။ ဒါဆို Fetch Feed နဲ့ Sort နဲ့ ဆက်သွားတာ တွေ့လိမ့်မယ်။ အဲဒီလိုပဲ Sort နဲ့ Pipe Output နဲ့ ဆက်ပေးပါ။ အဲဒီလို ဆက်ပြီးတာနဲ့ Sort Box အထဲမှာ စာတွေ ပေါ်လာပါလိမ့်မယ်။ + Sort by ရဲ့ အောက်မှာ အနုတ်လက္ခဏာနဲ့ Combo Box ရှိပါတယ်။ ဘေးနားက မြားကို နှိပ်ပြီး item.published ကို ရွေးပေးပါ။ တင်ထားတဲ့ ရက်ကို လိုချင်လို့ပါ။ နောက်ပြီး Order ကို descending ရွေးပါ။ ကြီးစဉ်ငယ်လိုက် စီချင်လို့။

အိုကေ ဒီလောက် ဆိုရင် ပိုက်ဆက်လို့ ပြီးသွားပါပြီ။ အလုပ်ဖြစ်မဖြစ် အကြမ်း သိချင်ရင် ပုံရဲ့ အောက်ဘက်မှာ Refresh ဆိုတာ ရှိတယ်။ နှိပ်လိုက်လို့ ပို့စ်ခေါင်းစဉ်တွေ ပေါ်လာရင် အလုပ်ဖြစ်ပါပြီ။ ဒါဆို ညာဘက် အပေါ်က Save ကို နှိပ်လိုက်ပါ။ အဆင်ပြေတဲ့ နာမည်ပေးလိုက်ပါ။ Save ပြီးသွားရင်တော့ အပေါ်ဘက် အလယ်မှာ Run Pipe ဆိုတဲ့ လင့်ခ်ကို နှိပ်ပြီး ရလဒ်ကို ကြည့်လို့ရပါတယ်။ ရလဒ်ကို ကြည့်ပြီး Pipe ပြင်ချင်သေးတယ် ဆိုရင်တော့ ဘယ်ဘက် အောက်မှာ Edit Source ဆိုတာ နှိပ်ပြီး ဝင်ပြင်နိုင်ပါတယ်။ Browser ရဲ့ Address Bar ကို ကြည့်လိုက်ပါ။ http://pipes.yahoo.com နဲ့ စပြီး နောက်နားမှာ ?_id= ဆိုပြီး အက္ခရာ (၂၂) လုံး တွေ့ပါလိမ့်မယ်။ အဲဒါ Diagram ID ပါ။ မှတ်ထားပေးပါ။ အိုကေ ... ဒါဆို ဘလော့ဂ်ပေါ် ဘယ်လို တင်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

Blog တွင် Yahoo Pipe ထည့်ခြင်း

ပထမဆုံး အနေနဲ့ Javascript Function တွေ သုံးဖို့အတွက် အရင် ကြေငြာပေးရပါမယ်။ Layout >> Edit HTML ကို သွားပြီး </head> ရဲ့ အပေါ်နားမှာ အောက်က စာကြောင်း နှစ်ကြောင်း ထည့်ပေးပါ။

<script src='http://h1.ripway.com/phyoekyaw/FeedPeek.js' type='text/javascript'/>
<script src='http://h1.ripway.com/phyoekyaw/Library.js' type='text/javascript'/>

နောက်ပြီး Layout >> Page Elements မှာ Add a Gadget ကို နှိပ်ပြီး HTML/Javascript ကို ရွေးပေးပါ။ နောက်ပြီး အောက်က စာကြောင်းကို ကူးထည့်ပေးပါ။

<script src="http://pipes.yahoo.com/pipes/pipe.run?_id=Mg4ZUoO13RGkz43cbbsjiw&_render=json&_callback=feedPeek"></script>

မှတ်ချက် .... အနီရောက်နေရာမှာ အထက်က မှတ်ခိုင်းထားတဲ့ ကိုယ့်ရဲ့ Diagram ID ကို ထည့်ပေးပါ။ Save လိုက်ပြီး Blog ကို ဖွင့်ကြည့်လိုက်ပါ။ အားလုံး အာသီသ ဆန္ဒ အလို တောင့်တ နေတဲ့ Blog List တစ်ခု ရလာပါလိမ့်မယ်။

ကျနော် လုပ်ထားတဲ့ Blog List နမူနာကို ဒီမှာ ကလစ်နှိပ်ပြီး ကြည့်ကြည့်နိုင်ပါတယ်။ Function တစ်ခုချင်းစီ ရှင်းမပြတော့တာ ကျနော် မစမ်းကြည့်ရသေးတာလည်း ပါသလို အဲလောက် ရှင်းပြနေစရာ မလိုတဲ့ ဦးနှောက်ပိုင်ရှင်တွေလို့ ယုံကြည်ထားလို့ပါ။ (အဟီး ... မရေးချင်တော့တာနဲ့ မြှောက်ပစ်လိုက်ပြီ) ကိုယ့်ဖာသာပဲ တစ်ခုချင်းစီ အားရပါးရ စမ်းကြည့်ကြပေတော့လို့ပဲ အားပေးပါရစေ။


အဆင်ပြေပါစေဗျာ။

14 September, 2008

Make a Poll using Vizu

www.vizu.com ကနေ Poll မဲပေးရုံ လုပ်မယ်ဆိုရင် ပထမဆုံး အနေနဲ့ Register လုပ်ရတယ်။ အဆင့်နည်းနည်း များပေမယ့် အတော်လေး အသုံးတည့်ပါတယ်။ မဲရုံ လုပ်ရတာ အဲလောက်လည်း မခက်ပါဘူး။ သူ့မှာ ထူးခြားတာလေးတွေ ဖော်ပြပေးပါမယ်။ ကျနော် မြင်ရမယ့် ပုံစံကို အောက်မှာ ပြထားပါတယ်။



၁။ Flash Player နဲ့ လုပ်ထားတာ ဖြစ်တဲ့အတွက် မြင်ရတာ သပ်ရပ်ပါတယ်။ နောက်ပြီး အမြင် ဆန်းတယ်။
၂။ Flash Player အတွက် Addon လိုပါလိမ့်မယ်။
၃။ အဓိက အားနည်းချက်ကတော့ ကျနော်တို့ သုံးနေတဲ့ ZawGyi Font နဲ့ ရေးလို့ မရခြင်းပါပဲ။ Flash အဖြစ် ချက်ချင်း တန်းပြောင်းတာ ဖြစ်လို့ Pollcode.com တုန်းကလို ပြန်ပြောင်းယူလို့လည်း မရပါဘူး။
၎။ မဲရုံ စမယ့်ရက်နဲ့ ပိတ်မယ့်ရက်ကို ထည့်ပြီး သက်မှတ်ပေးလို့ ရပါတယ်။ သက်မှတ်ရက် အတွင်းပဲ မဲပေးခွင့် ရှိရင် သူ့အလိုအလျောက် လုပ်ပေးပါတယ်။
၅။ အဖြေ ရွေးတဲ့ အရေအတွက် ကို ကန့်သက်နိုင်တယ်။ အဖြေကို တစ်ခုတည်းပဲ ရွေးခွင့် ပေးမလား၊ ၅ ခု အနည်းဆုံး ရွေးခိုင်းမလား၊ ဆိုတာ အတိအကျ သက်မှတ်ပေးလို့ ရပါတယ်။ တချို့ Poll Service တွေက တစ်ခုတည်း ရွေးခိုင်းမလား၊ အများပဲ ရွေးခိုင်းမလားလို့ ခပ်ကြမ်းကြမ်းပဲ Setting လုပ်လို့ရတယ်။ ဒီ Vizu မှာတော့ အတိအကျ ဘယ်နှခု အနည်းဆုံး ရွေးရမယ် ဆိုတဲ့အထိ Setting လုပ်လို့ ရပါတယ်။
၆။ Vizu မှာ ကိုယ်ပိုင် အကောင့်တစ်ခု တည်ဆောက်ပြီးမှကို မဲရုံ လုပ်ခွင့် ပေးပါတယ်။
www.vizu.com/index.html မှာ မဲရုံ လုပ်ယူလို့ ရပါတယ်။ အဆင်ပြေပါစေဗျာ။

ဆက်နွယ်သောပို့စ်စာရင်း ထည့်သွင်းခြင်း (By Labels)

ကျနော်တို့ ပို့စ်တွေရဲ့ အောက်ခြေမှာ သူတို့နဲ့ သက်ဆိုင်တဲ့ နီးစပ်တဲ့ ပို့စ်တွေရဲ့ စာရင်းကို တချို့ ထည့်ပေးချင်ကြပါလိမ့်မယ်။ ဒါမှ အခု လက်ရှိ ပို့စ်ကို ဖတ်ပြီး တခြား ဘာတွေ နီးနီးစပ်စပ် တူညီတဲ့ ပို့စ်တွေ ရှိမလဲဆိုတာ အလွယ်တကူနဲ့ သိရပြီး ဆက်ဖတ်ချင်ရင် ဆက်ဖတ်လို့ ရမယ်။

အရင်က Hoctro ကနေ ဆက်နွယ်တဲ့ ပို့စ်စာရင်းကို Label နဲ့ စစ်ထုတ်ပြီး ဖော်ပြနိုင်အောင် လုပ်ထားပေးတာ ရှိပါတယ်။ သူ့ရဲ့ အားနည်းချက်က ဘလော့ဂ်တစ်ခု ပြောင်းတာနဲ့ လိုက်ပြောင်းလဲ ပေးရတယ်။ တချို့ နေရာလေးတွေ ပေါ့။ နည်းနည်းပါးပါး ဆိုပေမယ့် ဘာမှ မသိတဲ့လူအတွက်တော့ အလုပ်ရှုပ်တာပေါ့။ အခု JackBook.com က ဘာမှ ပြင်စရာ မလိုဘဲ ကိုယ့်ရဲ့ တန်းပလိတ်ထဲမှာ တန်းကူးထည့်ရုံနဲ သုံးလို့ရတဲ့ Code အဖြစ် ပြင်ဆင်ထားတာမို့ အင်မတန်မှ လွယ်ကူသွားပါတယ်။ လုပ်ရမယ့် အဆင့်အနေနဲ့လည်း နှစ်ဆင့်ပဲ ကျန်တော့တယ်။ ကဲ ကျနော်တို့ စပြီး လုပ်ကြည့်ရအောင်။

အဆင့် (၁)
Layout >> Edit HTML ထဲမှာ Expand Widget Templates ကို အမှန်ခြစ် ခြစ်ပေးပါ။
ပြီးရင် <data:post.body/> ကို ရှာပေးပါ။ တကယ်လို့ Peekaboo ပို့စ်ခေါက်တဲ့ လုပ်ဆောင်ချက် ထည့်ထားရင်တော့ <data:post.body/> ဆိုတာ နှစ်ခု တွေ့ပါလိမ့်မယ်။

အဆင့် (၂)
<data:post.body/> တစ်ခုတည်းပဲ တွေ့တယ်ဆိုရင် အဲဒီစာကြောင်းရဲ့အောက်နားမှာ အောက်မှာ ပြထားတဲ့ Code ကို ထည့်ပေးလိုက်ရုံပါပဲ။


တကယ်လို့ <data:post.body/> ကို နှစ်နေရာ တွေ့တယ် ဆိုရင်တော့
<b:if cond='data:blog.pageType == "item"'> ရဲ့ နောက်ပိုင်းမှာ ရှိတဲ့ <p><data:post.body/></p> စာကြောင်းရဲ့ အောက်နားမှာ အထက်က Code ကို အစဆုံး စာကြောင်းနဲ့ နောက်ဆုံးစာကြောင်း ဖြုတ်ပြီး ကူးထည့်ပေးပါ။
ဆိုလိုတာက အပေါ်ဆုံးစာကြောင်းဖြစ်တဲ့ <b:if cond='data:blog.pageType == "item"'> နဲ့ အောက်ဆုံး စာကြောင်းဖြစ်တဲ့ </b:if> ကို ချန်ပြီး ကျန်တာတွေ ကူးထည့်ပေးပါ။

ပြီး Save Template လုပ်လိုက်ရင် ရပါပြီ။ ဒိါဆိုရင် ပို့စ် တစ်ခုချင်းစီ ကြည့်တဲ့အခါ ပို့စ်တွေရဲ့ အောက်ဆုံးမှာ Related Posts By Categories ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆက်နွယ်တဲ့ ပို့စ်တွေရဲ့ စာရင်းကို Label နဲ့ စစ်ပြီး ဖော်ပြပေးပါလိမ့်မယ်။

ကဲ စမ်းကြည့်ကြပါဦး။ အဆင်ပြေပါစေဗျာ။