31 July, 2008

ပို့စ်ကို ပုံစံတကျ ပရင့်ထုတ်နိုင်အောင်

ဒီမှာ ဖော်ပြထားတဲ့ ပို့စ် အားလုံး လိုလိုဟာ ကျူတိုရီရယ်တွေ ဖြစ်လို့ စာဖတ်သူ အနေနဲ့ တခါတလေမှာ နောက်တစ်ချိန်မှာ ပြန်လည် ကိုးကားဖို့အတွက် မှတ်တမ်း လုပ်ထားချင်ကောင်း လုပ်ထားချင်လိမ့်မယ်။ ဒါဆို ကျနော်တို့ ပို့စ်တွေကို Print ထုတ်ခွင့် ပေးထားရင် စာဖတ်သူအတွက် ပို အသုံးတည့်လိမ့်မယ် ထင်တယ်။ ဒါပေမယ့် ဒီအတိုင်း Print ထုတ်လိုက်ရင် ဘလော့ဂ်မှာ ပါတဲ့ Header ပုံတွေ၊ Sidebar က Element တွေပါ ပရင့်ထုတ်တဲ့အခါမှာ ပါလာလိမ့်မယ်။ တကယ်တမ်းတော့ စက္ကူနဲ့ ထုတ်တဲ့အချိန်မှာ အဲဒါတွေက အပိုတွေ ဖြစ်သွားပါတယ်။ ဒါကြောင့် ကျနော်တို့ စက္ကူနဲ့ ထုတ်တော့မယ် ဆိုရင် ဒါတွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။

CSS နဲ့ JavaScript တွေကို ပေါင်းစပ်ပြီး ရိုးရိုးရှင်းရှင်းနဲ့ အသုံးတည့်မယ့် ပရင့်ထုတ်ပေးတဲ့ လုပ်ဆောင်ချက်လေးတစ်ခုကို ကျနော်တို့ ဖန်တီးနိုင်ခဲ့ပါပြီ။ ပရင့်ထုတ်လိုက်ရင် ဘလော့မှာ ပါတဲ့ ပို့စ်နဲ့ ကော်မန့် တွေကိုပဲ စက္ကူပေါ် ပရင့်ထုတ်ပေးမှာပါ။

အခု ကျနော် ဒီပို့စ်မှာ ဘယ်လို ပရင့်ထုတ်လို့ရအောင် လုပ်ပေးမလဲဆိုတာကို ရိုးရှင်းတဲ့ အဆင့်လေး နှစ်ဆင့်နဲ့ ရှင်းပြပေးပါ့မယ်။ အခု လက်ရှိ စာမျက်နှာကို ပရင့်ထုတ်ရင် ဘယ်လို ပေါ်မလဲ ဆိုတာ သိချင်ရင် Browser မှာ ပါတဲ့ Print Preview နဲ့ ကြည့်နိုင်ပါတယ်။ အဲဒီမှာ ကြည့်ကြည့်ပါ။ Header ကော၊ Sidebar ကော အရောင်အသွေး စုံစုံလင်လင်နဲ့ ပေါ်နေပါ့မယ်။ ဒီအပိုတွေကြောင့် ကျနော်တော့ Printer မှင် ပိုကုန်နိုင်ပါတယ်။

ဒီ ဥပမာမှာ ဆိုရင်
  • Header နဲ့ Sidebar ကို မမြင်ရတော့ပါဘူး။
  • စာမှန်သမျှဟာ အဖြူရောင် နောက်ခံနဲ့ အနက်ရောင် စာလုံးအဖြစ် မြင်ရပါမယ်။
  • ပို့စ်အကျယ်ဟာ ပရင့်ထုတ်မယ့် စက္ကူနဲ့ အကျယ်အတိုင်း ပြောင်းလဲသွားပါမယ်။
  • ပို့စ်မှာ ပါတဲ့ ပုံနဲ့ ပုံစံ ချထားမှုက မပြောင်းလဲပါဘူး။
  • လိုအပ်တဲ့ နေရာကိုပဲ ပရင့်ထုတ်မှာ ဖြစ်ပါတယ်။

ကဲ ကျနော်တို့ ဘလော့ဂ်မှာ Code ဘယ်လို ထည့်သွင်းရမလဲ ဆိုတာ စပြီး တင်ပြသွားပါမယ်။ Layout >> Edit HTML မှာ Expand Widget Templates ကို အမှန်ခြစ် ခြစ်ပေးပါ။

အဆင့် (၁) ပရင့် စတိုင် သက်မှတ်ခြင်း

အောက်မှာ ပေးထားတဲ့ Code ကို </head> မတိုင်ခင်မှာ ထည့်ပေးပါ။

<style media='print' type='text/css'>
#header-wrapper, #header, .header, #sidebar-wrapper, .sidebar, #footer-wrapper, #footer, .date-header, .post-meta-data, .comment-link, .comment-footer, #blog-pager, #backlinks-container, #navbar-section, .subscribe_notice, .noprint {display: none;}
#main-wrapper {width: 95%}
</style>


အဆင့် (၂) Print this post လင့်ခ် ထည့်သွင်းခြင်း

စာဖတ်သူ အနေနဲ့ Print ထုတ်လို့ ရတယ်ဆိုတာ သိစေချင်တာကြောင့် ကျနော်တို့ ပို့စ်ရဲ့ အောက်နားမှာ Print လုပ်နိုင်ဖို့ ခလုတ်လေးတစ်ခု သွားထည့်ကြရအောင်။ လင့်ခ်သုံးမျိုး ကျနော် တင်ပြပေးသွားပါ့မယ်။ ကိုယ် ကြိုက်ရာ တစ်ခုကို ရွေးပြီး ထည့်ပေးလိုက်ပါ။

ပထမဆုံးအနေနဲ့ <p><data:post.body/></p> ဆိုတာလေး အရင် ရှာပေးပါ။ တွေ့ရင် သူ့ရဲ့ အောက်နားမှာပဲ ပြထားတဲ့ လင့်ခ်သုံးမျိုးကနေ တစ်မျိုး ရွေးပြီး သူ့ဘေးက Code ကို ထည့်ပေးပါ။

ရိုးရိုးစာကြောင့် လင့်ခ်
Print this post

<b:if cond='data:blog.pageType == "item"'>
<a href='javascript:window.print()'>Print this post</a>
</b:if>

ခလုတ်လင့်ခ်


<b:if cond='data:blog.pageType == "item"'>
<form> <input type="button" value="Print This Page" onClick="window.print()" /> </form>
</b:if>

ပုံနှင့်စာတွဲလျက် လင့်ခ်
Print this post

<b:if cond='data:blog.pageType == "item"'>
<span style='background: url(http://bloggerbuster.com/images/print.gif) left no-repeat; padding-left: 20px;'><a href='javascript:window.print()'>Print this post</a></span>
</b:if>

ဒီ Code ကို ဖြည့်ပြီးပြီ ဆိုရင်တော့ Template ကို Save ဖို့ မမေ့ပါနဲ့။ တကယ်လို့ စာဖတ်သူက ပို့စ်တစ်ခုခုကို ပရင့်ထုတ်ချင်ရင် အဲဒီ ပို့စ်ကို သွားပြီး အဲဒီ ပို့စ်ရဲ့ အောက်ဆုံးမှာ ရှိတဲ့ ခလုပ်ကို နှိပ်ပြီး ပရင့် ထုတ်နိုင်ပါတယ်။ ကိုယ့်ရဲ့ တန်းပလိတ်မှာ စမ်းလုပ်မကြည့်ခင် ကျနော့်ရဲ့ ပို့စ်မှာ ပါတဲ့ Print ခလုတ်ကို နှိပ်ပြီး ပရင့်ထွက်တဲ့ ပုံစံကို သဘောကျမကျ စမ်းသပ်ကြည့်နိုင်ပါတယ်။ အဆင်ပြေပါစေဗျာ။

No comments:

Post a Comment