30 July, 2008

Blogger Template အကြောင်း (၂)

ဒီပို့စ်ကို မဖတ်ခင် အရင် ဖတ်စေချင်သော ပို့စ်
- Blogger Template အကြောင်း (၁)

(၂) Body Section
ကဲ ကျနော်တို့ Body Section ကို ဆက်ကြည့်ကြစို့။ ဒီအပိုင်းဟာ တန်းပလိတ်ရဲ့ အနှစ်သာရပိုင်းပါ။ တကယ် လုပ်ဆောင်ချက်တွေ ရေးတဲ့ အပိုင်းလည်း ဖြစ်တယ်။ အပေါ်မှာ ကြေငြာထားတဲ့ အရောင်တွေ၊ အရွယ်အစားတွေ၊ ပုံစံတွေကို ဘယ်လို အသုံးချမယ်၊ ဘယ်လို အခြေအနေမှာ ထုတ်သုံးမယ် ဆိုတာတွေဟာ ဒီအပိုင်းမှာ ရေးရတာပါ။ Head အပိုင်းက သတ်မှတ်ပြီး Body အပိုင်းက အကောင်အထည် ဖော်တာပေါ့။

အပေါ်မှာ ပြထားတဲ့ ပုံစံဟာ Body Section ကို အရှင်းဆုံး ချုံ့ထားတာပါ။ အောက်က ပြထားတဲ့ ပုံနဲ့ အပိုင်းက Code နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် နည်းနည်း ပိုရှင်းသွားမယ်ထင်တယ်။


ဒါဆို ကျနော်တို့ အဓိက အပိုင်းကြီး သုံးပိုင်း ထပ်ရမယ်။ ပထမဆုံး ကျနော်တို့ Header ပိုင်းကို ကြည့်ကြည့်ရအောင်။

ဒါ header-wrapper ရဲ့ အတိုချုံ့ပုံစံပါ။ ကျနော်တို့ Header မှာ ပုံတွေ (Banner) ထည့်မယ်။ ခေါင်းစဉ်ရေးမယ်။ ဘလော့ဂ်အကြောင်း အကြမ်းဖျင်း (Description) ရေးမယ်။ ဒါတွေဟာ ဒီအပိုင်းမှာ ရေးရပါ့မယ်။ ပုံမှန်အားဖြင့်တော့ Header အပိုင်းကို ပြုပြင် ပြောင်းလဲလေ့ မရှိပါဘူး။ ဒါပေမယ့် ဒီမှာ ကျနော် ရှင်းပြစရာ သုံးခု ရှိနေပါတယ်။ ပထမဆုံးက maxwidgets ဆိုတာပါ။ maxwidget ဆိုတာ အများဆုံး လုပ်လို့ရမယ့် widget အရေအတွက်ပါ။ ပုံမှန်အားဖြင့် maxwidgets က 1 ပါ။ ဒါပေမယ့် တချို့ ဘလော့ဂ်တွေမှာ Header ရဲ့ အောက်မှာ Menu ပုံစံ လုပ်ထားတာ တွေ့ပါလိမ့်မယ်။ ဒါဆို Header မှာ widget က နှစ်ခု ဖြစ်သွားတဲ့ အတွက်ကြောင့် maxwidgets='2' လို့ ပြောင်းပေးရပါမယ်။ ဒါမှ Header မှာ Banner အပြင် Menu ကိုပါ အောက်ကနေ ထည့်လို့ရမှာ ဖြစ်ပါတယ်။ နောက်တစ်ခု ထပ်ရှင်းပြချင်တာက showaddelement ပါ။ သူရဲ့ မူလ ပုံစံအရ showaddelement='no' ဆိုတဲ့ အတွက်ကြောင့် Header ရဲ့ အောက်နားလေးမှာ အကွက်တစ်ကွက်နဲ့ Add a page element ဆိုတာ မပေါ်တော့ပါဘူး။ Blogger in Draft မှာဆိုရင် Add a gadget လို့ မပေါ်ပါဘူး။ ဒါဆိုရင်လည်း ကျနော်တို့ Page Element အသစ်တိုးလို့ မရပါဘူး။ တကယ်လို့ Header မှာ အသစ်ထည့်ချင်တယ် ဆိုရင်တော့ showaddelement='yes' လို့ ပြောင်းပေးရပါမယ်။ နောက်တစ်ခုက b:widget ထဲက locked='false' ဆိုတာပါ။ သူကတော့ အဲဒီ widget ကို ရွှေ့လို့ မရအောင် လုပ်တဲ့ သဘောပါ။ locked='false' ဆိုရင် ထားချင်တဲ့နေရာကို ရွှေ့လို့ ရတယ်။ 'true' ထားလိုက်ရင်တော့ ရွှေ့လို့ မရတော့ဘူး။

Content အပိုင်းကို မပြောခင် Footer အပိုင်းကို အရင်ပြောပါ့မယ်။ ဘလော့်ဂ် အများစုရဲ့ တန်းပလိတ်မှာ Footer မှာ ဘာမှ မရှိပါဘူး။ ဒါကြောင့်
<div id='footer-wrapper'></div>
ဆိုတာပဲ မြင်ရပါ့မယ်။ တကယ်လို့ widget တစ်ခုခု ထည့်ချင်ရင် ကြားထဲမှာ b:section နဲ့ b:widget တွေကို ထပ်ထည့်ပေးရပါမယ်။ showaddelement မှာ yes လုပ်လိုက်ရင် Page Element ကို ပုံမှန်အတိုင်း Add လုပ်သွားရုံပါပဲ။

Content အပိုင်းကတော့ အရေးအကြီးဆုံး အပိုင်း နဲ့ အဓိကကျတဲ့ အပိုင်း ဖြစ်တော့ အဲဒီထဲက အစိတ်အပိုင်းက နည်းနည်း များပါတယ်။ နောက်ပြီး ကိုယ်သုံးထားတဲ့ တန်းပလိတ် အမျိုးအစားပေါ် မူတည်ပြီး နည်းနည်းလေး ကွဲနိုင်ပါတယ်။ အခု အခြေခံ နားလည်နိုင်အောင် တန်းပလိတ် တစ်မျိုးကို ဆွဲထုတ်ပြီး ရှင်းပြပါ့မယ်။

ဒါ Content ပိုင်းကို အတိုဆုံး ဖြစ်အောင် ချုံ့ထားတာပါ။ Content မှာလည်း နှစ်ပိုင်းတွေ့ရပါ့မယ်။ ဒါ 2 Columns Template မို့ပါ။ 3 Columns Template ဆိုရင် သုံးခု ဖြစ်သွားနိုင်ပါတယ်။ အထက်က ပုံကို ပြန်ကြည့်ရင် ပုံထဲမှာ နှစ်ပိုင်းခွဲနေတာ တွေ့ရပါလိမ့်မယ်။ အဲဒီ အထဲက Main အပိုင်းကို ဆက်သွားရအောင်။

ဒီနေရာဟာ ကျနော်တို့ ရေးသမျှ ပို့စ်တွေ ပေါ်မယ့် နေရာပါ။ အခု မြင်ရသလောက်ဟာ header-wrapper နဲ့ ဘာမှ မထူးပါဘူး။ အသေးစိတ်ကိုတော့ နောက်ပိုင်းမှ ရှင်းပြပါ့မယ်။


ဒီအပိုင်းမှာ ကျနော်တို့ ထည့်သမျှ Widget တွေ အလုပ်လုပ်မယ့် နေရာပါ။ အထက်က Code ကို ကြည့်ရင်ဖြင့် ဒီ ဘလော့ဂ်ရဲ့ Sidebar မှာ Widget လေးခု ရှိပါတယ်။ HTML Widget, Blog Archive Widget, Label Widget နဲ့ LinkList Widget တစ်ခုစီ ပါပါတယ်။ ဒါ ကျနော်တို့ အတိုဆုံး ချုံ့ကြည့်လိုက်တာပါ။

ဘလော့တစ်ခုရဲ့ တန်းပလိတ်မှာ ပါတဲ့ အစိတ်အပိုင်းက ဒါအကုန်ပါပဲ။ အထက်က ရှင်းပြခဲ့သမျှကို တစ်စစီ ပြန်စုပြီး ကြည့်မယ်ဆိုရင် အောက်က ပုံစံအတိုင်း ရလာပါလိမ့်မယ်။


ဒီထက် ပို ချုံ့ကြည့်မယ်ဆိုရင် ဒီလို မြင်နိုင်ပါတယ်။

  1. Head Section
    • Title
    • CSS Code
    • JS Code Definition
  2. Body Section
  3. Outer Wrapper
    • Header Wrapper
    • Content Wrapper
      • Main Wrapper
      • Sidebar Wrapper
    • Footer Wrapper

အခု ရှင်းပြထားသလောက် မရှင်းတာ ရှိမယ်ဆိုရင် ကွန်းမန့်ထဲမှာ မေးမြန်နိုင်ပါတယ်။ အားမနာပါနဲ့။ လွတ်လွတ်လပ်လပ် မေးနိုင်ပါတယ်။ အစစအရာရာ အဆင်ပြေပါစေဗျာ။

ဆက်လက် ဖော်ပြပါမည်။


No comments:

Post a Comment