ကျနော်တို့ ဖတ်ချင်တဲ့ ပို့စ်ကို ကလစ်နှိပ်တာနဲ့ အောက်ဆုံးမှာ သူများပေးထားတဲ့ ကွန်းမန့်အဟောင်းတွေနဲ့ အသစ်ရိုက်ထည့်လို့ ရမယ့် TextBox တွေကို ပေါ်ချင်ကြပါလိမ့်မယ်။ ပုံမှန် အနေအထား ဆိုရင်တော့ ပို့စ်မှာ ကွန်းမန့်ကို တပါတည်း ဖော်ပြမထားပါဘူး။ Post a comment ဆိုတာကို ကလစ်နှိပ်မှ ကွန်းမန့် ပေးဖို့ ကျလာပါတယ်။ အရင်ကဆိုရင် ကွန်းမန့်ကို ပို့စ်အတွင်းမှာ ပေါ်ဖို့ ကိုယ့်ဖာသာ Code အကုန် လိုက်ပြင်ရပေမယ့် အခုဆိုရင် Blogger in Draft မှာ အလွယ်တကူ လုပ်ယူလို့ ရနေပါပြီ။ Blogger in Draft ကို လစ်နှိပ်ပြီး ၀င်လိုက်ပါ။ Blogger.com မှာလိုပဲ Setting >> Comments >> Comment Form Placement မှာ Embedded below post ကို ရွေးပြီး Save လုပ်ပေးပါ။
ပုံမှန်အားဖြင့်တော့ ရပါပြီ။ ဒါပေမယ့် တခါတလေ တချို့ တန်းပလိတ်နဲ့ ဆိုရင် အဆင်မပြေတတ်ပါဘူး။ အပေါ်က ပြောတဲ့ အတိုင်း အဆင်မပြေဘူး ဆိုရင်တော့ ကျနော်တို့ ကိုယ့်ဖာသာ သွားဖြည့်ကြရအောင်။ Layout >> Edit HTML ကို သွားပေးပါ။ Expand Widget Templates ကို အမှန်ခြစ် ခြစ်ပေးပါ။ နောက်ပြီး
ဆိုတဲ့ Code ကို ရှာပေးပါ။ Browser မှာ Edit >> Find ကို နှိပ်ပြီး စာလုံးရိုက်ထည့် ရှာခိုင်းလို့ရပါတယ်။ အောက်ပါ Code ကို တွေ့နိုင်ပါတယ်။

Post a Comment

အဲဒါကို ဒီလိုလေး ပြောင်းပေးပါ။

<b:if cond='data:post.embedCommentForm'>
<b:include data='post' name='comment-form'/>
<b:else/>
Post a Comment
</b:if>

စာလုံး အနီနဲ့ ပြထားတဲ့ Code တွေဟာ ထပ်တိုးတဲ့ Code တွေပါ။ Template ပေါ် မူတည်ပြီး အနည်းအကျဉ်း အပြောင်းအလဲ ရှိနိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကျနော်တို့ ထည့်ချင်တာက
<b:if cond='data:post.embedCommentForm'>
<b:include data='post' name='comment-form'/>
<b:else/>
</b:if>
ပါ။ အဲဒီ Code ကို

အထဲမှာ သွားထည့်ပေးဖို့ပါပဲ။ ဒါဆိုရင် ကျနော်တို့ အဲဒီ ပို့စ်ထဲမှာပါ တပါတည်း ကွန်းမန့်ပါ မြင်နိုင်ပါပြီ။ အဆင်ပြေပါစေဗျာ။
No comments:
Post a Comment