31 July, 2008

Newer Posts နှင့် Older Posts ကို ဖယ်ရှားခြင်း

ကျနော်တို့ ဘလော့်တစ်ခုကို စ၀င်ပြီဆိုရင် အောက်ခြေ အဆုံးကို ကြည့်လိုက်ရင် Footer ရဲ့ အထက်မှာ Older Posts ဆိုတဲ့ လင့်ခ်ကို တွေ့နိုင်ပါတယ်။ နောက်ပြီး တခြား ပို့စ်အဟောင်းတွေကို ၀င်ကြည့်ရင်လည်း အောက်ခြေမှာ Newer Posts နဲ့ Older Posts ကို တွေ့နိုင်ပါတယ်။ တချို့က အဲဒါ ရှိနေတာကို မျက်စိနောက်ကြမယ်ပေါ့။ ဒါဆို ကျနော်တို့ ဒီနေရာမှာ အဲဒါတွေကို ဘယ်လို ဖယ်ရှားမလဲ ဆိုတာ တင်ပြပေးပါ့မယ်။

Layout >> Edit HTML ကို သွားပေးပါ။ Style Sheet ထဲမှာ အောက်ပါ Code ကို ရှာပေးပါ။

#blog-pager-newer-link {
float: left;
}

#blog-pager-older-link {
float: right;
}

#blog-pager {
text-align: center;
}

တွေ့ပြီဆိုရင် အောက်မှာပြထားတဲ့ Code နဲ့ လဲလှယ်ပေးပါ။

#blog-pager-newer-link {
display: none;
}

#blog-pager-older-link {
display: none;
}

#blog-pager {
display: none;
}

ဒါဆိုရင် ကျနော်တို့ Newer Posts | Home | Older Posts ဆိုတာကို ဖယ်ရှားလိုက်နိုင်ပါပြီ။ အဆင်ပြေပါစေဗျာ။

No comments:

Post a Comment