30 July, 2008

Peekaboo ပို့စ် ခေါက်ခြင်း

မိမိ ဘလော့ဂ်တွင် တင်ထားသော ပို့စ်များ အလွန်တရာ ရှည်နေသောအခါ နောက်ပို့စ်တစ်ခုကို ကျော်ကြည့်သူများ အဖို့ အခက်အခဲ ကြုံတွေ့ကြရသည်။ ထို့ကြောင့် ပို့စ်ကို မိမိလိုအပ်သော ပမာဏသာ ဖော်ပြပြီး ဆက်လက် ဖတ်ရှုလိုသူများ ကလစ်နှိပ်၍ ဆက်လက်ဖတ်ရှုစေရန် ပြုလုပ်ထားနိုင်သည်။
ပို့စ်ခေါက်နည်းမှာ နှစ်မျိုးနှစ်စားရှိ၍ မိမိသက်မှတ်ထားသော စာလုံးကို ကလစ်နှိပ်လိုက်လျှင်
(၁) သီးခြား တစ်ပို့စ်တည်းသာ ဖော်ပြခြင်း နှင့်
(၂) လက်ရှိ စာမျက်နှာတွင် ချဲ့၍ ဖော်ပြခြင်း တို့ဖြစ်သည်။

ပထမ အမျိုးအစားမှာ ဘလော့ဂ်ကို (Refresh) ပြန်တင်သည်။ ထိုအမျိုးအစား၏ အားနည်းချက်မှာ ကော်နက်ရှင် နှေးသော ကျွန်တော်တို့လို နိုင်ငံအတွက် စာတစ်မျက်နှာ ပြန်တင်မည်ဆိုလျှင် အတော်လေး စောင့်ဆိုင်းရသောကြောင့် ပြန်ပြန်တင်နေလျှင် စောင့်နေရသည်နှင့်ပင် အချိန်ကုန်သွားမည်။ နောက်တစ်မျိုးမှာ ဘလော့ဂ်စတက်ကတည်းက စာအပြည့်အစုံကို တင်ထားပြီး ခေါက်၍ မပြခြင်းသာ ဖြစ်သည်။ ဒုတိယ အမျိုးအစားကို လူကြိုက်ပိုများသည်။ နှစ်မျိုးစလုံးမှာ တတိယ အဆင့်၌သာ ထည့်သွင်းသော Code အနည်းအကျဉ်းကွာခြားသည်။

အဆင့် (၁) မူရင်း Javascript အား Upload လုပ်ခြင်း

ထို http://h1.ripway.com/phyoekyaw/myhacko.js ဖိုင်ကို ကလစ်နှိပ် ဆွဲချ၍ မိမိကြိုက်နှစ်သက်ရာ File Hosting Site တွင် Upload ပြုလုပ်ပါ။

အဆင့် (၂) ထို JS အား ကြေငြာခြင်း

အောက်ပါ Code အား </head> မတိုင်ခင်တွင် ထည့်သွင်းပေးပါ။

< script src='http://h1.ripway.com/phyoekyaw/myhacko.js' type='text/javascript'></script>

http://h1.ripway.com/phyoekyaw/myhacko.js နေရာတွင် မိမိ တင်ထားသော ဖိုင်လိပ်စာ ထည့်ပေးပါ။

အဆင့် (၃) Blog1 Widget တွင် Code ထည့်ခြင်း

Template Html တွင် <data:post.body/> ကို ရှာပေးပါ။ ပုံမှန်အားဖြင့် ဤသို့ ရှိနေနိုင်ပါသည်။

<div class='post-body>
<p><data:post.body/></p>
<div style='clear: both;'/> <!-- clear for photos floats -->
</div>

သို့သော် div class='post-body' နေရာတွင် တခါတရံ၌
div class='post'
div class='entry'
div class='post-body entry-content' ဟူ၍လည်း ဖြစ်နိုင်ပါသည်။ ထိုကြောင့် <data:post.body/> နှင့် ရှာကြည့်ပြီး တွေ့လျှင် အောက်ပါအတိုင်း အနီရောင် Code များကို ဖြည့်စွပ်ပေးပါ။

နံပါတ် (၁) သီးခြား တစ်ပို့စ်တည်းသာ ဖော်ပြခြင်း အတွက်မှာ

<div class='post-body' expr:id='"post-" + data:post.id' >

<b:if cond='data:blog.pageType == "item"'>
<style>#fullpost{display:inline;}</style>
<p><data:post.body/></p>
<b:else/>
<style>#fullpost{display:none;}</style>

<p><data:post.body/></p>

<span id='showlink'>
<a expr:href='data:post.url'>Read More......</a>
</span>
<script type='text/javascript'>
checkFull("post-" + "<data:post.id/>");
</script>
</b:if>

<div style='clear: both;'/> <!-- clear for photos floats -->
</div>

နံပါတ် (၂) လက်ရှိ စာမျက်နှာတွင် ချဲ့၍ ဖော်ပြခြင်း အတွက်မှာ

<div class='post-body' expr:id='"post-" + data:post.id' >
<b:if cond='data:blog.pageType == "item"'>
<p><data:post.body/></p>

<b:else/>
<style>#fullpost {display:none;}</style>
<p><data:post.body/></p>
<span id='showlink'>
<p><a expr:onclick='"javascript:showFull(\"post-" + data:post.id + "\");"' href='javascript:void(0);'>Read More...</a></p>
</span>
<span id='hidelink' style='display:none'>
<p><a expr:onclick='"javascript:hideFull(\"post-" + data:post.id + "\");"' href='javascript:void(0);'>Collapse...</a></p>
</span>
<script type='text/javascript'>
checkFull("post-" + "<data:post.id/>");
</script>
</b:if>

<div style='clear: both;'/> <!-- clear for photos floats -->
</div>

အထက်ပါ Code နှစ်ခုတွင် Bold လုပ်ထားသော Read More... နှင့် Collapse... နေရာများတွင် မိမိနှစ်သက်ရာ စာလုံးများ ထည့်သွင်းပေးပါ။ ဥပမာ Read More... နေရာတွင် ဆက်ဖတ်ချင်ရင် ... ဟု အစားထိုးနိုင်သည်။

အဆင့် (၄) ပို့စ်အား ခေါက်လိုသော နယ်နိမိတ် ပိုင်းဖြတ်ခြင်း

ဥပမာ မိမိ၏ပို့စ်တွင် စာပိုဒ် ငါးပိုဒ်ရှိရာ ဒုတိယအပိုဒ်အထိသာ ဘလော့ဂ်တက်တက်ချင်းတွင် ပေါ်လို၍ ကျန်သုံးပုဒ်ကို Read More ... နှိပ်သောအခါမှသာ မြင်စေလိုသည် ဆိုပါစို့။

ဒုတိယစာပိုဒ်၏ အောက်တွင် <span id="fullpost"> ကို ထည့်သွင်းပေး၍ ပို့စ်အားလုံး၏ အဆုံးတွင် </span> ထည့်သွင်းပေးခြင်းဖြင့် ပို့စ်ခေါက်ခြင်းကို ပြုလုပ်နိုင်သည်။

ပို့စ်အသစ်ရေးတိုင်း ရေးတိုင်း ထို Code ကို ထည့်ရန် မေ့နေမည် စိုးပါက
Settings ၏ Formatting Tab ရှိ Post Template နေရာတွင် အောက်ပါ Code ကို ထည့်သွင်း၍ Save ပေးပါ။

Type your summary here.
<span id="fullpost">
Type the rest of your post here.
</span>

ထိုအခါ ပို့စ်အသစ်ရေးမည်ဆိုတိုင်း ထို Code ပေါ်နေမည်ဖြစ်၍ မေ့မှာ ပူစရာ မလိုတော့ပါ။

No comments:

Post a Comment