31 July, 2008

Pullquote ထည့်သွင်းခြင်း

Lord Stanley

အခွင့်အလမ်းသည် အလုပ်လုပ်ပြီး ဆန္ဒပြုနေသူ အားလုံးထံသို့ အနှေးနှင့် အမြန်ဆိုသလို ရောက်လာပေသည်။

ကျနော်တို့ ပို့စ်တွေ ရေးကြတဲ့အခါမှာ အကြောင်းအရာ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ တချို့ဆို အတွေးအခေါ်ပိုင်းကို ရေးကြတယ်။ တချို့ဆို ၀တ္ထုတို၊ ဘာသာပြန်၊ ပြည်တွင်းသတင်း စသဖြင့် စသဖြင့်ပေါ့။ ဒါပေမယ့် ဘာလို စာအမျိုးအစားပဲ ရေးရေး ကျနော်တို့ ရေးတဲ့ ရည်ရွယ်ချက် ရှိကြသလို စာဖတ်သူဆီ ထည့်သွင်းပေးချင်တဲ့ အတွေးအခေါ်လည်း ပါပါ့မယ်။ ဒါဆို အများစုက အဲဒီ ထူးထူးခြားခြား စာသားလေးတွေကို အရောင်ပြောင်းပြီး တင်ကြတာ များပါတယ်။ ထင်ရှားစေချင်လို့ ထူးခြားစေချင်လို့ပေါ့။ တကယ်လို့ အခု ဒီပို့စ်မှာ မြင်ရသလို ဘေးနားမှာ ဘောင်လေးနဲ့ သက်သက် ထားပြီး ဖော်ပြမယ်ဆိုရင် ပိုပြီး သိသာထင်ရှားသွားပါလိမ့်မယ်။ ဒါကို Pullquote လို့ ခေါ်ပါတယ်။ အဲလို သိသာ ထင်ရှားအောင် လုပ်နိုင်တဲ့ နောက် နှစ်နည်း ရှိပါသေးတယ်။ Blockquote နဲ့ Opacity Text ပါ။ သက်ဆိုင်ရာ ခေါင်းစဉ်ကို ကလစ်နှိပ်ပြီး ဆက် လေ့လာနိုင်ပါတယ်။ အခု ကျနော်တို့ ဒီမှာ Pullquote ကို ဆက်ပြီး ဆွေးနွေးပါ့မယ်။

အဆင့် (၁) စတိုင် (CSS) သက်မှတ်ခြင်း

CSS ဆိုတာနဲ့ Style Sheet မှာ ထည့်ရမယ်ဆိုတာ အလိုအလျောက် သိနိုင်ပါတယ်။ မသိသေးသူအတွက် ထပ်ပြောပေးပါ့မယ်။ <b:skin><![CDATA[ နဲ့ ]]></b:skin> ကြားကို Style Sheet လို့ ခေါ်ပါတယ်။ အောက်မှာ ပြထားတဲ့ Code ကို Style Sheet မှာ ထည့်ပေးပါ။

.pullquote
{width: 145px;
background:gold;
color:black;
float: right;
border:1px solid maroon;
font-weight:bold;
line-height:140%;
padding:5px;
margin-top:10px;
margin-left:10px;

အဆင့် (၂) Pullquote တစ်ခု ပြုလုပ်ခြင်း

ကျနော် Pullquote လုပ်ချင်တဲ့ စာကို ဒီလိုလေး ရေးပေးရပါမယ်။ စာရိုက်တာ ဖြစ်တဲ့အတွက် Post ရိုက်တဲ့ နေရာမှာ ထည့်ရမှာပါ။ ဒါက အခြေခံသာ ရှိတဲ့ လူတွေအတွက် ပြောပေးတာပါ။

ဒီမှာ ထည့်ပါ။

ကဲ ... ကျနော် ဥပမာလေးတစ်ခုနဲ့ ပြောပြလိုက်ရင် ပိုရှင်းသွားမယ်ထင်တယ်။ ကျနော်တို့ Create New Post မှာ အောက်က စာတွေ ရိုက်ထည့်ပေးကြည့်ပါ။

Your post that contains way too much undecorated text goes here. The exact placement of the pullquote is up to you.

Lord Stanley

အခွင့်အလမ်းသည် အလုပ်လုပ်ပြီး ဆန္ဒပြုနေသူ အားလုံးထံသို့ အနှေးနှင့် အမြန်ဆိုသလို ရောက်လာပေသည်။

But, you will want to make sure that you have typed in a long enough post that actually needs some pullquotes to make it more interesting. So I'm just typing here so that you can see about where you might want to put the pullquote.  To position the pullquote in the right place is up to you. You may have to fiddle with it and see how it looks. Or, you might want to define your pullquote to be a different width. It does need to be prefaced with a lot of text and followed by enough text that it looks good. Ours was overlapping without enough text so we are just rambling here.

ဒါဆို အောက်က ပုံစံအတိုင်း ဘလော့ဂ်မှာ ပေါ်ပါလိမ့်မယ်။

အဆင်ပြေပါစေဗျာ။

No comments:

Post a Comment