13 August, 2008

မာတိကာ တစ်ခု ဖန်တီးခြင်း (AJAX)

မာတိကာဆိုတာ ဘလော့်ဂ်တိုင်းအတွက် အရေးပါပါတယ်။ ဒါမှ စာဖတ်သူဟာ ဘယ်ပို့စ်ကို ဖတ်ရမလဲဆိုတာ မာတိကာကို ကြည့်ပြီး ရွေးနိုင်မှာပါ။ Blog Archives မှာ ရှိရှိသမျှ ပို့စ်တွေ အားလုံးကို ဖော်ပြပေးဖို့ လုပ်ထားလို့ရပေမယ့် သူက နေ့စွဲတွေနဲ့ ခွဲထားတာကြောင့် အမြင်ရှုပ်နေနိုင်ပါတယ်။ နောက်ပြီး နေ့စွဲနဲ့ ခွဲထားတာကြောင့် ပို့စ်အားလုံးကို ထင်ထင်ရှားရှား မမြင်နိုင်ပါဘူး။

မာတိကာ လုပ်နိုင်တဲ့ နည်းတွေ အများကြီး ရှိပါတယ်။ အဲဒီ အထဲကမှ တစ်ခုကို တင်ပြချင်ပါတယ်။ အခု တင်ပြမယ့် မာတိကာ လုပ်နည်းဟာ ဘလော့ဂ်တစ်ခုရဲ့ မာတိကာတင်မကဘဲ လိုအပ်ရင် ဘလော့ အများကြီးအတွက် တစ်နေရာတည်းမှာ မာတိကာတွေ လုပ်နိုင်ပါတယ်။ နောက်ပြီး အခု တင်ပြမယ့် မာတိကာ လုပ်နည်းရဲ့ အားသာချက်ဟာ ပို့စ်တစ်ခုချင်းစီကို Preview အနေနဲ့ ကြည့်လို့ရပါတယ်။ ဒီနည်းဟာ Google ရဲ့ AJAX Dynamic Feed Control နည်းလမ်းကို သုံးထားတာပါ။ ကဲ ကျနော်တို့ လေ့ကျင့်ခန်းလေး စလိုက်ရအောင်။

လိုအပ်ချက် ။ ။ ဒီနည်းနဲ့ မာတိကာကို လုပ်ချင်ရင် Feed Setting နည်းနည်း ၀င်ပြင်ရပါမယ်။ Settings >> Site Feed မှာ Allow Blog Feeds ကို None ဖြစ်မနေအောင် ပြင်ပေးပါ။

Layout >> Page Element မှာ Add a page element ကို နှိပ်ပြီး HTML/Javascript ကို ရွေးပေးပါ။ ပြီး TextBox ထဲမှာ အောက်က Code ကို ကူးထည့်ပေးပါ။ Code ကို ရဖို့ view plain ကို ကလစ်နှိပ်ပါ။


Line (28) >> မာတိကာ ဆိုတဲ့နေရာမှာ ကြိုက်တဲ့ စာလုံး ပြောင်းထည့်နိုင်ပါတယ်။ ခေါင်းစဉ်ပါ။
Line (29) >> http://knowhow.myanmarbloggers.org နေရာမှာ ကိုယ့်ရဲ့ လိပ်စာ ထည့်ပေးပါ။
Line (29) >> max-results=10 နေရာမှာ ပို့စ် ၁၀၀ ခုပဲ ပြချင်ရင် 100 လို့ ပြင်ပေးပါ။ အကုန် ပြချင်တယ်ဆိုရင်တော့ 999 လို့ ပြင်ပေးပါ။
Line (34) >> How To BLOG နေရာမှာ ကိုယ့် ဘလော့ဂ်ရဲ့ နာမည် ထည့်ပေးပါ။

ဒါ ဘလော့ဂ်တစ်ခုအတွက် မာတိကာ ဘယ်လို လုပ်မလဲဆိုတာ တင်ပြတာပါ။ အဆင်ပြေပါစေဗျာ။

No comments:

Post a Comment