16 August, 2008

ဘလော့ဂ်တစ်ခု ဖန်တီးခြင်း

ဘလော့ဂ်တစ်ခု စပြီး ဖန်တီးဖို့ ဆိုရင် အရင်ဆုံး www.blogger.com ကို ၀င်ဖို့ လိုပါလိမ့်မယ်။ အရင်းဆုံး သိထားဖို့ လိုအပ်တာ တစ်ခုက မြန်မာနိုင်ငံကနေ လုပ်မယ်ဆိုရင် မြန်မာနိုင်ငံကနေ ဆိုရင် Blogger.com ကို တိုက်ရိုက် ၀င်မရပါဘူး။ ဘန်းကျော်ပြီးမှ ၀င်ရပါမယ့်။ ခွကျော် ၀င်ထားပြီးသားလို့ ယူဆပြီး ဆက်ဆွေးနွေးပါမယ်။ Blogger.com ကို ၀င်လိုက်တဲ့အခါမှာ ညာဘက် အောက်နားမှာ အောက်မှာ မြင်ရတဲ့ ပုံအတိုင်း တွေ့ရပါမယ်။


အဲဒီမှာ Create Your Blog Now ဆိုတာကို ကလစ်နှိပ်လိုက်ရင် အောက်က ပုံလို ကျလာပါလိမ့်မယ်။ တစ်စိတ်တစ်ပိုင်းပေါ့။ ပုံမှာ ပါတဲ့ အညွှန်းအတိုင်း ဖြည့်လိုက်ပါ။


Continue နှိပ်ပြီးပြီ ဆိုရင် အောက်က ပုံအတိုင်း ထပ်ပေါ်လာပါ့မယ်။ အပေါ်ကလိုပဲ အညွှန်းအတိုင်း ဆက်ဖြည့်ပေးပါ။


CONTINUE ကို နှိပ်ပြီးပြီ ဆိုရင် တန်းပလိတ် ရွေးဖို့ ပေါ်လာပါမယ်။ အဲဒီ သူပေးထားတဲ့ တန်းပလိတ်ထဲက အဆင်ပြေတာလေးတစ်ခု ရွေးပေးပါ။ ရွေးပြီးသွားလို့ CONTINUE နှိပ်ပြီးပြီ ဆိုရင်တော့ Your blog has been created! ဆိုတာ ပေါ်လာပါလိမ့်မယ်။ ဒါဆိုရင်တော့ START BLOGGING ကို နှိပ်ပြီး ဘလော့ဂ် စရေးလို့ပါပြီ။

No comments:

Post a Comment