02 August, 2008

“ဆက်နွယ်သောပို့စ်များ” ကို ဇယားဖြင့် ဖော်ပြခြင်း

ကျနော်တို့ ဘလော့ဂ် ရေးတဲ့အခါမှာ အကြောင်းအရာ တချို့ကို ပို့စ်ပေါင်းများစွာ ခွဲပြီး ရေးတတ်ကြပါတယ်။ ဥပမာ ၀တ္ထုလိုပေါ့။ ပို့စ်တစ်ခုတည်းနဲ့ မပြီးပြတ်နိုင်တာကြောင့် ခွဲရေးရပါတယ်။ အဲဒီတော့ အဲဒီ ပို့စ်ရဲ့ အောက်ခြေတိုင်းမှာ သူတို့နဲ့ ဆက်နွယ်မှု ရှိတဲ့ ပို့စ်တွေကို တချို့ ပြန်ညွှန်းတတ်ပါတယ်။ တချို့ကျ (Further Reading) ဆက်ဖတ်စေလိုသော ပို့စ်များ ဆိုပြီး ထပ်ညွှန်းတတ်ကြတယ်။ ပုံမှန်အားဖြင့် အဲဒီ Links တွေကို Bullets တွေနဲ့ လုပ်လိုက်ကြတာပါပဲ။ တကယ်လို့ အဲဒါလေးကို ဇယားလေးနဲ့ အရောင်လေးတွေ ထည့်ပြီး သေသပ်သပ် ရှုချင်စဖွယ် ဖြစ်နေမယ်ဆို ပိုကောင်းသွားမှာပေါ့။ ကျနော် ဒီပို့စ်မှာ အဲဒီလို အရောင်နဲ့ ဇယား ဘယ်လို လုပ်သလဲဆိုတာ ဆွေးနွေးပေးချင်တာပါ။ အောက်မှာ ပြထားတဲ့ ပုံက ဇယားလုပ်ပြီးပုံ မလုပ်ခင် ပုံရဲ့ ကွာခြားချက်ပါ။ ကဲ ကျနော်တို့ လေ့ကျင့်ခန်းလေး စလိုက်ရအောင်။ Layout >> Edit HTML မှာ Expand Widget Templates ကို အမှန်ခြစ် ခြစ်ပေးပါ။


အဆင့် (၁) စတိုင် သက်မှတ်ခြင်း

အထက်က CSS တွေကို Style Sheet မှာ ထည့်ပေးပါ။ background-color နဲ့ color ကို မိမိ ကြိုက်နှစ်သက်ရာ ပြောင်းပေးပါ။ width ကိုလည်း မိမိ ပို့စ်ရဲ့ အကျယ်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြင်ပေးပါ။ ပြင်ပြီးသွားရင် Template ကို Save ပေးပါ။

အဆင့် (၂) ပို့စ်အတွင်း၌ ထည့်သွင်းရေးသားခြင်း

ပို့စ်အထဲမှာ ထည့်ရေးမှာ ဆိုတော့ Posting ကနေ ပို့စ်အသစ် ယူပေးပါ။
အရင်က ကျနော်တို့ ဆက်နွယ်သောပို့စ်များ ကို ဖော်ပြတဲ့ အခါမှာ အောက်ပါ ပုံစံအတိုင်း လုပ်လေ့ရှိပါတယ်။

အခု ကျနော်တို့ စတိုင် သက်မှတ်ပြီးသားကို ဖော်ပြနိုင်အောင် ဒီလိုလေး ပြင်ရေးပေးပါ။

အပြာရောင် စာလုံးတွေ နေရာမှာ ညွှန်းချင်တဲ့ လိပ်စာကို ထည့်ပေးပါ။ အနက်ရောင် စာလုံးတွေ နေရာမှာ ညွှန်းချင်တဲ့ ခေါင်းစဉ်ကို ရေးပေးပါ။ အဆင်ပြေပါစေဗျာ။

No comments:

Post a Comment