
Spiffy Corners ဆိုတာ ထောင့်လုံး လေးထောင့်ကွက်တွေ ပေါ်နိုင်တဲ့ CSS Code နဲ့ HTML Code တွေကို ထုတ်ပေးတဲ့ Online Tool တစ်ခုပါ။ ထောင့်လုံး စတုဂံကို ရဖို့ ဘာပုံမှ သုံးစရာ မလိုသလိုဘဲ ဘာ Javascript မှလည်း မသုံးပါဘူး။ သမရိုးကျ CSS နဲ့ HTML ကိုပဲ သုံးထားတာကြောင့် တန်းပလိတ် တင်ချိန်ကိုလည်း မလေးလံစေပါဘူး။ နောက်ပြီး သုံးရတာလည်း လွယ်ကူတာကြောင့် အခြေခံ အဆင့်လောက် သိထားရင်ကို ဖန်တီး အသုံးပြုနိုင်အောင် လုပ်ပေးထားပါတယ်။ ကျနော်လည်း အသုံးပြုပုံကို အသေးစိတ် ရှင်းပြ ပေးပါ့မယ်။
ကဲ ကျနော်တို့ လေ့ကျင့်ခန်းလေး စလိုက်ကြရအောင်။ Spiffy Corners ကို ကလစ်နှိပ်ပြီး ၀င်လိုက်တာနဲ့ အောက်မှာ မြင်ရတဲ့ ပုံကို တွေ့ပါလိမ့်မယ်။


Spiffy Corner မှာ ပေးထားတဲ့ CSS Code ရဲ့ အပေါ်ဆုံး Code ဖြစ်တဲ့ <Style type="text/css"> နဲ့ အောက်ဆုံး Code ဖြစ်တဲ့ </style> က ကျနော်တို့အတွက် အသုံးမ၀င်ပါဘူး။ အဲဒါ နှစ်ခုကို မယူဘဲ ကျန်တာတွေကို ကူးပြီးတော့ Style Sheet မှာ သွားထည့်ပေးပါ။ <b:skin><![CDATA[ နဲ့ ]]></b:skin> ကြားလို့ Style Sheet လို့ ခေါ်ပါတယ်။ အောက်မှာ နမူနာ ပြထားပါတယ်။
.spiffy{display:block}
.spiffy *{
display:block;
height:1px;
overflow:hidden;
font-size:.01em;
background:#C3CCEE}
<------------- [more code here]
.spiffy5{
border-left:1px solid #d2d8f2;
border-right:1px solid #d2d8f2}
.spiffyfg{
background:#C3CCEE}
.spiffy *{
display:block;
height:1px;
overflow:hidden;
font-size:.01em;
background:#C3CCEE}
<------------- [more code here]
.spiffy5{
border-left:1px solid #d2d8f2;
border-right:1px solid #d2d8f2}
.spiffyfg{
background:#C3CCEE}
ကျနော်တို့ HTML Code အသုံးချပုံကို ဆက်ပြောရအောင်။ အထက်က ပုံလို ကျနော်တို့ သူ ပေးထားတဲ့ HTML Code ကို နှစ်ပိုင်းခွဲပြီး မြင်ကြည့်ရအောင်။ ကျနော်တို့ Sidebar က Page Element တွေကို ထောင့်လုံး စတုဂံ ဖြစ်အောင် လုပ်လို့ ရသလိုပဲ ပို့စ်တွေ ပေါ်မယ့် main-wrapper ကိုလည်း ထောင့်လုံး ဖြစ်အောင် လုပ်လို့ရပါတယ်။ ပထမဆုံး အနေနဲ့ main-wrapper ကို ထောင့်လုံး ဘယ်လို လုပ်မလဲ အရင် ရှင်းပြပါ့မယ်။ အောက်မှာ ပြထားတဲ့ Code တွေကို Template မှာ သွားရှာပြီး အနီရောင် စာတန်း နေရာမှာ HTML Part 1 ကို ဖြည့်ပေးပြီး အပြာရောင် စာတန်း နေရာမှာ HTML Part 2 ကို ဖြည့်ထည့်ပေးပါ။
<div id='main-wrapper'>
Paste Part 1 of the HTML Code Here!
<b:section class='main' id='main' showaddelement='no'>
<b:widget id='Blog1' locked='true' title='Blog Posts' type='Blog'/>
</b:section>
Paste Part 2 of the HTML Code Here!
</div>
Paste Part 1 of the HTML Code Here!
<b:section class='main' id='main' showaddelement='no'>
<b:widget id='Blog1' locked='true' title='Blog Posts' type='Blog'/>
</b:section>
Paste Part 2 of the HTML Code Here!
</div>
Template ကို Save ပြီး ဘလော့ဂ်ကို ပြန်ခေါ်ကြည့်လိုက်ပါ။ အောက်က ပုံအတိုင်း ပေါ်လာနိုင်ပါတယ်။
ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ပြဿနာ တစ်ခု ရှိပါတယ်။ တကယ်လို့ အောက်က ပုံလို ကွက်တိကွက်ကြား ပေါ်နေရင်တော့ .spiffyfg ကို ရှာပြီး အနီရောင် စာကြောင်းကို ဖြည့်ပေးပါ။
ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ပြဿနာ တစ်ခု ရှိပါတယ်။ တကယ်လို့ အောက်က ပုံလို ကွက်တိကွက်ကြား ပေါ်နေရင်တော့ .spiffyfg ကို ရှာပြီး အနီရောင် စာကြောင်းကို ဖြည့်ပေးပါ။
.spiffyfg{
background:#C3CCEE;
margin: -15px 0 -20px 0;}top margin နဲ့ bottom margin ကို ဆွဲညှိလိုက်တဲ့ သဘောပါ။
Sidebar မှာ ထောင့်လုံး ဖြစ်ချင်ရင်တော့ အောက်က Code တွေကို ရှာပြီး အနီရောင် စာတန်းနေရာမှာ HTML Part 1 ထည့်ပြီး အပြာရောင် စာတန်း နေရာမှာတော့ HTML Part 2 ထည့်ပေးပါ။
<div id='sidebar-wrapper'>
<!-- Paste Part 1 here -->
<b:section class='sidebar' id='sidebar' preferred='yes'>
<b:widget id=' ........
<b:widget id=' ........
</b:section>
<!-- Paste Part 2 here -->
</div>
<!-- Paste Part 1 here -->
<b:section class='sidebar' id='sidebar' preferred='yes'>
<b:widget id=' ........
<b:widget id=' ........
</b:section>
<!-- Paste Part 2 here -->
</div>
ဒါဆိုရင် ကျနော်တို့ ထောင့်လုံးနဲ့ သပ်သပ်ရက်ရက် ရှိလှတဲ့ Template တစ်ခုကို ပိုင်ဆိုင်နိုင်ပါပြီ။ အဆင်ပြေပါစေဗျာ။
No comments:
Post a Comment