01 August, 2008

စာရေးသူ တစ်ယောက်ချင်းစီ အတွက် မတူသော အရောင်များ သက်မှတ်ခြင်း

အခုဆိုရင် ဘလော့်တွေမှာ တစ်ယောက်တည်း သီးသန့် ရေးကြတာ မဟုတ်ဘဲ အုပ်စုဖွဲ့ပြီး ရေးနေတဲ့ ဘလော့ဂ်တွေ အတော်များများ တွေ့လာရပါတယ်။ များသောအားဖြင့် ဘယ်သူ ဘယ်ဝါ ရေးသလဲဆိုတာကို ကျနော်တို့ ပို့စ် အောက်ခြေက Posted by ဆိုတာနဲ့ ခွဲခြားကြပါတယ်။ တချို့ဆိုလည်း Label လေးတွေမှာ ကိုယ့်နာမည် ကိုယ်ပေးပြီး ခွဲခြား ကြတယ်။ စာရေးသူ တစ်ယောက်နဲ့ တစ်ယောက် ကွဲကွဲပြားပြား ဖြစ်ဖို့ ဒီမှာ နည်းလမ်းလေး ရှိပါတယ်။ အဓိကကတော့ စာရေးသူ တစ်ယောက်ချင်းဆီအတွက် သီးသန့် နောက်ခံအရောင်နဲ့ စာလုံး အရောင် သက်မှတ်ပေးတာပါ။ အဲလို သက်မှတ်ပေးလိုက်ရင် ဒါဘယ်သူရေးသလဲ၊ ရေးတဲ့သူတွေ မတူဘူးဆိုတာတော့ အကြမ်းဖျင်း ခန့်မှန်းလို့ ရသွားပြီပေါ့။ ဒီလို လုပ်ဖို့ ဆိုရင် ပို့စ်ရေးတဲ့ အခါမှာ <p style="background:#EEEEEE; color:#336633"> </p> ဆိုပြီး တစ်ယောက်ကို တစ်ရောင်စီ သက်မှတ်ပေးလိုက်ရင် ဖြစ်ပါတယ်။ ဒါပေမယ့် အဲလို တစ်ပုဒ်ရေးတိုင်း တစ်ခါ ထည့်နေရရင် အတော်လေး ပင်ပန်းပါတယ်။ အခု ကျနော် တင်ပြမယ့် နည်းကို တစ်ချက်လောက် လေ့လာကြည့်ပါဦး။ ပို လွယ်ကူတာ တွေ့ရပါလိမ့်မယ်။ ပထမဆုံး ဘာမှ မလုပ်ခင် Layout >> Edit HTML မှာ Expand Widget Templates ကို အမှန်ခြစ် ခြစ်ပေးပါ။

အဆင့် (၁) စတိုင် သက်မှတ်ခြင်း

ထုံးစံအတိုင်း CSS ထည့်မှာမို့ Style Sheet ကို သွားပေးပါ။



အထက်က CSS မှာ အပြာရောင် ပြထားတဲ့ Code တွေဟာ ပြောင်းဖို့ လိုအပ်တဲ့ Code တွေပါ။ pikay ဆိုတဲ့ နေရာမှာ စာရေးသူ တစ်ယောက်ချင်းစီ အတွက် သီးခြား နာမည်တစ်ခုစီ ပေးပေးပါ။ စာရေးသူ နှစ်ယောက် အတွက်ဆိုရင် အပေါ်ကလို CSS Code ကို နာမည်နှစ်မျိုးနဲ့ နှစ်ခုဖြစ်ပါမယ်။ background နဲ့ color မှာ ကိုယ် ကြိုက်တဲ့ အရောင်ရဲ့ Code No ကို ထည့်ပေးပါ။ Color No မသိရင် ဒီမှာ သွားကြည့်ပါ။

အဆင့် (၂) ပို့စ် ရေးသားခြင်း

ပို့စ်ရေးမယ် ဆိုရင် Posting မှာ Create လုပ်ပေးပါ။ (အခြေခံအဆင့်သာ ရှိသူများအတွက် ညွှန်းကြားခြင်း ဖြစ်သည်။) Post Editor မှာ



တကယ်လို့ တခြား စာရေးသူ တစ်ယောက်အတွက် ဆိုရင် တခြား နာမည်တစ်ခုနဲ့ id နာမည် ပြောင်းပေးပါ။

ဒါဆိုရင် စာရေးသူ တစ်ယောက်စီအတွက် သီးခြား စာလုံးအရောင်နဲ့ ဖြစ်သွားပါပြီ။ အဆင်ပြေပါစေဗျာ။

No comments:

Post a Comment