03 August, 2008

စာလုံးကို မှိန်အောင် ပြုလုပ်ခြင်း

...if our page
is beige then the
pullquote area that is beige
will be blended with 10% white...

အခု ဘေးကလို ပုံကို ရဖို့ လုပ်ထားတဲ့ Code ကို အောက်မှာ လေ့လာကြည့်ပါ။ လိုင်းနံပါတ် (၃) ကနေစပြီး စာလုံး မှိန်အောင် စတိုင်ကို စပြင်ပါတယ်။ လိုင်းနံပါတ် (၇) ကနေ (၁၁) အထိက မိမိ ပေါ်စေလိုတဲ့ စာကြောင်းတွေ ရေးမယ့် နေရာပါ။ အဲဒီမှာ <small> </small> Tag ကို သုံးလိုက်ရင် မူလ စာလုံးထက် သေးသွားပြီး <strong> Tag က ပိုထင်းအောင် လုပ်ပေးပါတယ်။ လိုင်း (၄) က opacity ဆိုတာ စာလုံးကို ဘယ် အတိုင်းအတာထိ မှိန်မလဲ ဆိုတာ သက်မှတ်ပေးတာပါ။ Font Size, Font, Background, Color စတာတွေကို ကိုယ် ကြိုက်သလို ပြုပြင်ယူကြည့်ပါ။ အသုံးတည့်မယ့် ပို့စ်တစ်ခု ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ အဆင်ပြေပါစေဗျာ။


No comments:

Post a Comment