22 August, 2008

Blogumus: လည်ပတ်နေသော Label များ ဖန်တီးခြင်း

ကျနော့် ဘလော့ဂ်မှာလို Label တွေကို သူ့အလိုအလျောက် လည်ပတ်လို့ နေချင်တယ်ဆိုရင်တော့ ဘယ်လိုနည်းနဲ့ လုပ်လို့ရမယ်ဆိုတာ ကျနော် နည်းနည်း တင်ပြပေးပါ့မယ်။ Layout >> Edit HTML ထဲကို ၀င်ပေးပါ။

ပထမဆုံး အနေနဲ့ သိသင့်တာက ဘလော့ဂ် အများစုမှာ Label Widget က တစ်ခုတည်း ထားကြတာ များတယ်။ ဒါကြောင့် အရင်တစ်ခု ရှိနှင့်ပြီးသား ဆိုရင်တော့ ဖျက်ပစ်လိုက်ပါ။ ထူးထူးခြားခြား Label  Widget နှစ်ခုထားချင်တယ် ဆိုရင်တော့လည်း ရှာပြီး ဖျက်မနေနဲ့တော့ပေါ့။ အဟောင်းကို ဘယ်လိုရှာမလဲ ဆိုတာ နည်းနည်း ပြောပြပေးပါ့မယ်။ Browser က Find ထဲမှာ <b:widget id='label1' လို့ ရိုက်ထည့်ပြီး ရှာကြည့်ပါ။ တွေ့တယ်ဆိုရင်တော့ အဲဒီ စာကြောင်းအစား အောက်မှာ ပြထားတဲ့ Code ကို ထည့်ပေးပါ။ တကယ်လို့ အရင် Label Widget မရှိခဲ့ဖူးဘူး ဆိုရင် <b:section class="sidebar" ကို ရှာပြီး သူ့အောက်နားမှာ Code ကို ထည့်ပေးပါ။



တန်းပလိတ်ကို Save လိုက်ရင် ရပါပြီ။ လိုချင်တဲ့ ပုံစံကို ဘယ်လိုပြောင်းမလဲ ဆိုတာ ဆက်ပြီး တင်ပြပေးချင်ပါတယ်။
စာကြောင်းရေ နံပါတ် ၉ မှာ ပါတဲ့
240 က width ကို ဖော်ညွှန်းပါတယ်။ အနံ ကျယ်ချင်တယ်ဆိုရင်တော့ အဲဒီနေရာမှာ တန်ဖိုးကို တိုးလိုက်ရပါမယ်။
300 က height ကို ဖော်ညွှန်းပါတယ်။ အမြင့် ကျယ်ချင်တယ်ဆိုရင်တော့ အဲဒီနေရာမှာ တန်ဖိုးကို တိုးလိုက်ရပါမယ်။
#FFFFFF က နောက်ခံ အရောင်ကို သက်မှတ်တာပါ။ အဖြူရောင် အဖြစ် သက်မှတ်ထားပါတယ်။ လိုသလို ပြင်နိုင်ပါတယ်။
စာကြောင်းရေ နံပါတ် ၁၀ မှာ ပါတဲ့ 0x000000 က စာလုံးအရောင်ကို သက်မှတ်တာပါ။ အနက်ရောင် အဖြစ် သက်မှတ်ထားပါတယ်။
စာကြောင်းရေ နံပါတ် ၁၄ မှာ ပါတဲ့ style='12' က အကြီးဆုံးစာလုံးရဲ့ အရွယ်အစားကို သက်မှတ်တာပါ။ ဒီထက် ပိုကြီးချင်၊ ငယ်ချင်တယ်ဆိုရင်တော့ တန်ဖိုးကို ပြောင်းလိုက်နိုင်ပါတယ်။

ဒီ လုပ်ဆောင်ချက်ရဲ့ မူလ ပိုင်ရှင်ဟာ Wordpress အတွက် လုပ်ထားပြီး အဲဒီ WP Cumulus plugin ကို Roy Tanck က ဖန်တီးထားတာပါ။ Blogger.com အတွက် သုံးနိုင်အောင် Blogumus အဖြစ်နဲ့ Blogger Buster ရဲ့ ပိုင်ရှင် Amanda Fazani က ပြုပြင် လိုက်ပါတယ်။ သူ့ရဲ့ ကျေးဇူးကြောင့်ပဲ ကျနော်တို့ အခုလို သုံးနိုင်ခဲ့တာပါ။ ကျနော် Wordpress ရဲ့ Plugin တစ်ခု အနေနဲ့ မြင်ဖူးနေတာ ကြာပါပြီ။ Blogger မှာ သုံးလို့ မရလို့ ဒီအတိုင်း လက်ပိုက်ကြည့်နေရတယ်။ လိုချင်လိုက်တာ လွန်ရော။ အခုတော့ Amanda ရဲ့ ကျေးဇူးကြောင့် ကျနော်တို့ Blogger သမားတွေ သုံးနိုင်ပါပြီ။

အခု တင်ပြထားတဲ့ Label Cloud က Flash နဲ့ ဖန်တီးထားတာ ဖြစ်တဲ့အတွက် အမှန်တကယ် အလုပ်လုပ်တာ မြင်ရဖို့ဆိုရင် Flash Player 7 နဲ့ အထက် လိုအပ်ပါတယ်။ ကျနော်တို့ သုံးနေတဲ့ Browser မှာ Flash Player Plugin ရှိနေမှ ကောင်းကောင်းပေါ်ပါမယ်။ တကယ်လို့ အဲဒီ Plugin မရှိခဲ့ရင်တော့ Adobe မှာ ဒေါင်းလုပ် သွားဆွဲယူပါ။

နောက်ဆုံးအနေနဲ့ ပြောချင်တာက အခု ဒီ Blogumus ကို Blogger သမားတွေ သုံးနိုင်အောင် ဖန်တီးပေးတဲ့ Amanda Fazani ကို ထပ်မံပြီး ကျေးဇူးတင်ပါရစေ။ ကျနော် အဲဒါကို တအား လိုချင်ခဲ့ဖူးလို့ပါ။ စာဖတ်သူတို့လည်း စမ်းသပ်အောင်မြင်ပါစေလို့ .....

No comments:

Post a Comment