06 August, 2008

ပို့စ်ရေးသူ၏ Comment များအား သိသာစေခြင်း

ကျနော်တို့ ပို့စ်တွေ ရေးတဲ့အခါမှာ ဘယ်သူမဆို ကိုယ့်ပို့စ်ကို ကွန်းမန့်ပေးတာ လိုလားကြပါတယ်။ ကွန်းမန့်လေး တစ်ခု ၀င်လာပြီ ဆိုရင်ကို ပျော်မဆုံးပါ။ တခါတလေကျတော့ ကျနော်တို့ ကွန်းမန့်ကနေ မေးခွန်းမေးပြီး စာရေးသူဟာ ဒီနေရာကနေပဲ စာပြန်ရတာ၊ ပြဿနာ ဖြေရှင်းရတဲ့ အချိန်တွေလည်း ရှိပါတယ်။ ဒါကြောင့် ကွန့်မန်းတွေထဲမှာ စာရေးသူ ကိုယ်တိုင် ရေးထားတဲ့ ကွန်းမန့်တွေလည်း ပါဝင်နိုင်ပါတယ်။ အခု ကျနော် ဒီပို့စ်မှာ ဆွေးနွေးချင်တာက ပို့စ်တွေရဲ့ ကွန်းမန့်မှာ စာရေးသူရဲ့ ကွန်းမန့်နဲ့ တခြားသူရဲ့ ကွန်းမန့်တွေကို ကွဲကွဲပြားပြား မြင်နိုင်အောင် ဘယ်လို လုပ်မလဲ ဆိုတာပါ။ အခု ဒီပို့စ်မှာ ပါတဲ့ လုပ်ဆောင်ချက်တွေဟာ Blogger Commenting Service သုံးထားတဲ့ သူတွေ အတွက်ပဲ သက်ဆိုင်ပါတယ်။

နောက်ပြီး ဒီပို့စ်မှာပဲ ကွန်းမန့်တွေကို နံပါတ်စဉ် တပ်ဖို့ပါ တခါတည်း လုပ်ပေးထားပါတယ်။ တကယ်လို့ စာရေးသူ ကွန်းမန့်ကို HighLight မလုပ်ချင်ဘဲ နံပါတ်စဉ်တပ်ရုံ သက်သက်ပဲ လုပ်ချင်တယ် ဆိုရင်တော့ ဒီမှာ သွားဖတ်ပါ။ အခု ဒီပို့စ်က ပြောထားတဲ့ အတိုင်း လုပ်လိုက်ရင်တော့ နံပါတ်စဉ် တပ်ပြီးသား ဖြစ်သလို စာရေးသူ ကွန်းမန့်ကိုလည်း Highlight လုပ်ပြီးသား ရပါလိမ့်မယ်။ ကဲ ... ကျနော်တို့ လေ့ကျင့်ခန်း စဖို့ Layout >> Edit HTML ကို ဖွင့်ပြီး Expand Widget Templates ကို အမှန်ခြစ် ခြစ်ပေးပါဗျာ။

အဆင့် (၁) စတိုင် သက်မှတ်ခြင်း

ဒါက နံပါတ်စဉ် ပေါ်ဖို့ အတွက် CSS ပါ။

ဒါကတော့ စာရေးသူ ကွန့်မန့်ကို Highlight လုပ်ဖို့ အတွက် CSS ပါ။ .comment-author ကို ရှာပေးပါ။ တခါတလေမှာ .author-comment လို့ ဖြစ်နေတတ်သလို တခါတလေမှာ .comments-author လို့ ဖြစ်နေတတ်ပါတယ်။ တွေ့ပြီဆိုရင် color:#CC3300; background: #EEEEEE; ကို } မဆုံးခင်မှာ ထည့်ပေးပါ။ တကယ်လို့ မတွေ့ခဲ့ဘူး ဆိုရင်တော့ အောက်က CSS Code ကို ကူးထည့်ပေးပါ။

အထက် CSS တွေကို Style Sheet မှာ သွားထည့်ပေးပါ။<b:skin><![CDATA[ နဲ့ ]]></b:skin> ကြားလို့ Style Sheet လို့ ခေါ်ပါတယ်။ သူတို့ရဲ့ ကြား တစ်နေရာရာမှာ အထက်က CSS ကို ထည့်ပေးပါ။ background နဲ့ color ကို ကိုယ်ကြိုက်တဲ့ အရောင် ပြောင်းထည့်နိုင်ပါတယ်။ ကာလာ နံပါတ် မသိရင် ဒီမှာ သွားကြည့်ပါ။

အဆင့် (၂) Widget တွင် ပြင်ဆင် ဖြည့်စွပ်ခြင်း

<b:includable id='comments' var='post'> ကို ရှာပေးပါ။ သူနဲ့ မနီးမဝေးမှာ <dl id='comments-block'> နဲ့ စတဲ့ စာပိုဒ် ရှိပါတယ်။ အောက်က စာပိုဒ်နဲ့ အနီးစပ်ဆုံး ခပ်ဆင်ဆင် ရှိပါလိမ့်မယ်။

တွေ့ပြီ ဆိုရင်တော့ အဲဒီ စာတစ်ပိုဒ်လုံးကို အောက်မှာ ပြထားတဲ့ Code နဲ့ အစားထိုးပေးပါ။

ဟုတ်ကဲ့။ ပြီးပြီ ဆိုရင်တော့ Template ကို Save လုပ်လိုက်ပါ။ ကျနော်တို့ လိုချင်တာ လုပ်လို့ ပြီးပါပြီ။ တစ်ချက်လောက် ဘလော့ဂ်ကို ခေါ်ကြည့်ပါဦး။ အဆင်ပြေပါစေဗျာ။

No comments:

Post a Comment