16 August, 2008

Custom Domain အသုံးပြုနိုင်ရန် ပြင်ဆင်ခြင်း

Blogger.com မှာ Log in လုပ်လိုက်ပါ။
ကိုယ် နာမည်ပြောင်းချင်တဲ့ ဘလော့ဂ်ရဲ့ Setting ကို ၀င်လိုက်ပါ။

အပေါ်ပုံမှာ တွေ့တဲ့အတိုင်း Publishing ဆိုတဲ့ Tab ကိုရွေးပါ။ နောက်ပြီး အဲဒီအထဲမှာ Switch to: Custom Domain (Point your own .....) ကိုတွေ့အောင်ရှာပါ။ တွေ့ရင် Custom Domain ကို ကလစ်နှိုတ်ပါ။

အပေါ်ပုံရဲ့ ညာဘက်အောက်ထောင့်မှာ Already own a domain? Switch to Advanced settings ကို တွေ့ပါလိမ့်မယ်။ တကယ့် page မှာတော့ ညာဘက်အောက်ထောင့် မဟုတ်ပါ။ တွေ့ရင် Switch to advanced settings ကို ကလစ်နှိုတ်ပါ။

ဒါဆို အပေါ်ပုံကို တွေ့ရပါမယ်။ အဲဒီအထဲက Your Domain http:// ဆိုပြီး ကွက်လပ်တွေ့ပါလိမ့်မယ်။ အဲဒီကွက်လပ်မှာ ကိုယ်ပိုင် လိပ်စာကို ထည့်ပါ။ ဥပမာ pikay.myanmarbloggers.org (or) www.pikay.co.cc ပေါ့။

နောက်ပြီး ကျနော်တို့ ၀ယ်ထားတဲ့ ဒိုမိန်း (သို့) Free Domain Service မှာ Setting လုပ်ရပါမယ်။ တကယ်လို့ myanmarbloggers.org မှာ နာမည်တောင်းထားရင်တော့ ဒီအပိုင်းကို Domain Admin က လုပ်ပေးပါလိမ့်မယ်။ စာဖတ်သူ အနေနဲ့ ဆက်လုပ်စရာ မလိုတော့ပါဘူး။ ကိုယ့်ဖာသာ Setting ၀င်ပြင်ရမယ်ဆိုရင်တော့
Host Record မှာ
Host Name : yourname (e.g. pikay)
Host Address : ghs.google.com.
Host Type : CNAME
ဆိုတာလေးတွေ ပြင်ပေးပါ။

ဒါဆိုပြီးပါပြီ။ သူတို့ (Blogger.com) လွှဲလို့ အပြီးကို စောင့်ရုံပါပဲ။ လုပ်ကြည့်ပါ။ ဒီလို ဘလော့ဂ်ကို blogspot.com ကနေ ကိုယ်ပိုင် ဒိုမိန်းတစ်ခုကို ပြောင်းလိုက်ရင် စာဖတ်သူတွေအတွက် အတော် အဆင်ပြေပါမယ်။ ဘလော့ဂ်ရေးတဲ့လူ အဖို့တော့ ကျော်လွှားပြီး ရေးနေရဦးမှာပါ။ ဒါပေမယ့် စာဖတ်သူအဆင်ပြေတာ ကျနော်တို့စာရေးသူ တွေကိုလည်း တဖက်တလမ်းက အဆင်ပြေစေပါတယ်။

No comments:

Post a Comment