06 August, 2008

ဘလော့ဂ်ပေါ်မှ GTalk ဖြင့် ဆက်သွယ်နိုင်ရန်

ဘလော့ဂ်ပေါ်ကနေ ကျနော်တို့ဆီကို ဂျီတော့ကတဆင့် ဆက်သွယ်နိုင်ဖို့ Google ကနေ Chatback Badge တစ်ခု မိတ်ဆပ်ပေးခဲ့ပါတယ်။ ကျနော်တို့ Gtalk ၀င်ထားတဲ့ အချိန်တိုင်းမှာ ကိုယ့် ဘလော့ကို လာလည်သူ မှန်သမျှ ကိုယ်နဲ့ ဆက်သွယ်လို့ ရနိုင်ပါတယ်။ ကိုယ့်ရဲ့ အီးမေးလ် လိပ်စာကို ပေးဖို့ မလိုသလိုဘဲ စာဖတ်သူဟာ ကလစ်တစ်ချက် နှိပ်ရုံနဲ့ ကိုယ့်စီ လာချိတ်ပြီး ဧည့်သည်တစ်ယောက် အနေနဲ့ ကိုယ့်ပရိသတ်နဲ့ စကားစမြည် ပြောလို့ ရပါတယ်။ ကိုယ့်ဆီ ၀င်လာမယ့် ဧည့်သည်ဟာ မည်သူမည်ဝါ မသိတဲ့ အပြင် Google Account လည်း ရှိစရာ မလိုတာကြောင့် သတိထားပြီး ဆက်ဆံ ပြောဆိုသင့်ပါတယ်။
ကဲ ... ကျနော်တို့ ဘလော့မှာ အဲဒီ Google Talk Chatback ထည့်ချင်တယ် ဆိုရင်တော့ ဒီမှာ ကလစ်နှိပ်လိုက်ပါ။ ကလစ်နှိပ်ပြီးတဲ့အခါ ဂျီမေးအကောင့် ၀င်မထားဘူး ဆိုရင် ဂျီးမေးအကောင့်ထဲ ၀င်ခိုင်းလိမ့်မယ်။ ၀င်ပြီးသွားရင်တော့ အဲဒီမှာ ကိုယ်ပေါ်ချင်တဲ့ နာမည် ပြင်ပေးလို့ရမယ်။ ပေါ်ချင်တဲ့ ပုံစံ ပြင်ပေးလို့ရမယ်။ တကယ်လို့ ပြင်ပြီးသွားရင် Update badge ခလုတ်ကို နှိပ်ဖို့ မမေ့ပါနဲ့။ ခနနေကျ အောက်နားမှာ HTML Code တစ်ခု ထွက်လာပါမယ်။ အဲဒီ Code ကို ကူးယူပြီး Blogger.com ကို ၀င်လိုက်ပါ။ ပြီးရင် Layout >> Page Elements က Add a page element ကို နှိပ်ပြီး HTML/Javascript ကို ရွေးပေးပါ။ ပြီးရင် သူ့ရဲ့ Text Box ထဲမှာ ခုနက ကူးထားတဲ့ HTML Code ကို ထည့်ပေးပြီး Save လုပ်လိုက်ရုံပါပဲ။ ဒါဆို ကျနော်တို့ လိုချင်တဲ့ Chatback တစ်ခု ရပါပြီ။ အောက်မှာ ပေါ်မယ့်ပုံကို နမူနာ ပြထားပါတယ်။ အဆင်ပြေပါစေဗျာ။

No comments:

Post a Comment