02 August, 2008

မာတိကာ တစ်ခု ဖန်တီးခြင်း (JSon)

မာတိကာတစ်ခု လုပ်ပြီး ကျနော်တို့ နေရာ သုံးနေရာမှာ သွားထားလို့ ရပါတယ်။
(၁) Widget တစ်ခု အဖြစ် Sidebar တွင် ဖန်တီးခြင်း (Sidebar Widget)
(၂) Widget တစ်ခု အဖြစ် Header ၏ အောက်တွင် ဖန်တီးခြင်း (Header Widget)
(၃) ပို့စ်တစ်ခု အဖြစ် ဖန်တီးခြင်း (Post Widget)

ကဲ ... ကျနော်တို့ လေ့ကျင့်ခန်းလေး စလိုက်ရအောင်။

အဆင့် (၁) စတိုင် သက်မှတ်ခြင်း



အဆင့် (၂) Widget တစ်ခု ပြုလုပ်ခြင်း

Sidebar Widget တစ်ခု အနေနဲ့ လုပ်မယ်ဆိုရင် ...

Template ကို Save ပေးပါ။ နောက်ပြီး Layout >> Page Elements မှာ Add a page element ကို နှိပ်ပြီး HTML/Javascript ကို ရွေးပေးပါ။ နောက်ပြီး Text Box ထဲကို အောက်က Code တွေ ကူးထည့်ပြီး Save ပေးပါ။ Save မလုပ်ခင် http://YOURBLOGURL.com နေရာမှာ ကိုယ့်ရဲ့ ဘလော့ဂ် လိပ်စာကို ပြင်ဖို့ မမေ့ပါနဲ့။ ဒါဆို မာတိကာကို ဖော်ပြမယ့် Sidebar Widget တစ်ခု ရပါပြီ။



Header Widget တစ်ခု လုပ်ချင်တယ် ဆိုရင်တော့ ...

Edit HTML ထဲမှာ <b:section class='header' id='header' maxwidgets='1' showaddelement='no'> ကို ရှာပေးပါ။ အတိအကျ မတူတာတောင် အနီးစပ်ဆုံး တူတာ တစ်ခု တွေ့ပါလိမ့်မယ်။ တွေ့ပြီဆိုရင် အောက်မှာ ပြထားတဲ့ အနီရောင် နေရာအတိုင်း ပြင်ပေးပါ။ Template ကို Save ပေးပါ။
<b:section class='header' id='header' maxwidgets='2' showaddelement='yes'>

ကျနော်တို့ လုပ်ချင်တဲ့ ပုံစံက Sidebar မှာ ရှိတဲ့ Show table of contents ဆိုတဲ့ စာကို ကလစ်နှိပ်လိုက်ရင် Header နဲ့ ပို့စ်နဲ့ ကြားမှာ မာတိကာ ပေါ်ချင်တာပါ။ ဒါကြောင့် Layout >> Page Elements မှာ Sidebar က Add a page element ကို ကလစ်နှိပ်ပြီး HTML/Javascript ကို ရွေးပေးပါ။ ပြီးရင် Text Box ထဲမှာ အောက်က Code ကို ထည့်ပေးပါ။ http://YOURBLOGURL.com ဆိုတဲ့ နေရာမှာ ကိုယ့်ရဲ့ ဘလော့ဂ် လိပ်စာ ပြင်ဖို့ မမေ့ပါနဲ့။ ပြီးရင် Save ပေးပါ။



နောက်ပြီး Header ရဲ့ အောက်မှာလဲ Add a page element တွေ့ပါလိမ့်မယ်။ ကလစ်နှိပ်ပြီး HTML/Javascript ကို ရွေးပေးပါ။ နောက်ပြီး Text Box ထဲမှာ <div id="toc"></div> ကို ထည့်ပြီး Save ပေးပါ။ ဒါဆို မာတိကာ ပါတဲ့ Header Widget တစ်ခု ဖန်တီးလို့ ပြီးပါပြီ။

Post Widget တစ်ခု ဖန်တီးမယ် ဆိုရင် ...

Template ကို Save လိုက်ပါ။ ပြီး Posting မှာ New Post ယူလိုက်ပါ။ ပြီးရင် Post Editor မှာ အောက်က Code တွေကို ကူးထည့်ပေးပါ။ http://YOURBLOGURL.com ဆိုတဲ့ နေရာမှာ ကိုယ့်ရဲ့ ဘလော့ဂ် လိပ်စာ ပြင်ဖို့ မမေ့ပါနဲ့။ ပြီးရင် Publish လုပ်လိုက်ပါ။



အထက်မှာ ပြောထားတဲ့ သုံးမျိုးထဲက ကိုယ်ကြိုက်တဲ့ တစ်မျိုးကို ရွေးသုံးနိုင်ပါတယ်။ အဆင်ပြေဆုံးကတော့ Sidebar Widget ပါ။ ပို့စ်များရင် များသလို တင်ရတာ လေးနေတတ်ပါတယ်။ ကလစ်နှိပ်မှ မာတိကာ တည်ဆောက်တာကို စလုပ်မယ်ဆိုရင် ဘလော့ဂ်တက်တာကို သိပ်မနှေးစေတော့ပါဘူး။ ဘလော့ထဲ စ၀င်ကတည်းက မာတိကာကို ဖော်ပြထားချင်တယ် ဆိုရင်တော့ ဒီစာပိုဒ်ရဲ့ အထက်က Code တွေကို ကူးပြီး Layout >> Page Elements >> Add a page element >> HTML/Javascript ကို သွားထည့်လိုက်ရုံပါပဲ။ ဘလော့ဂ် တက်တက်ချင်း မာတိကာကို မဖော်ပြသင့်ပါဘူး။ အဓိကက ဘလော့ဂ်တက်တာ အရမ်းနှေးသွားပါ့မယ်။

ဒီ မာတိကာရဲ့ အားသာချက်က ကော်လံ သုံးခု ခွဲပြီး ပြပါတယ်။ ပို့စ်ခေါင်းစဉ်၊ တင်တဲ့ ရက်စွဲနဲ့ Label ဆိုပြီး ကော်လံ သုံးခု ခွဲထားတယ်။ Post Title (သို့) Date ကို ကလစ်နှိပ်လိုက်ရင် ပို့စ်ကို ကြီးစဉ်ငယ်လိုက် (သို့) ငယ်စဉ်ကြီးလိုက် စီပေးပါတယ်။ မာတိကာ ထဲက ပို့စ်တစ်ခုမှာ ပါတဲ့ Label ကို ကလစ်နှိပ်လိုက်ရင်လည်း နှိပ်လိုက်တဲ့ Label ကိုပဲ ရွေးပြီး ပြပေးပါတယ်။ မာတိကာ လုပ်နည်းတွေ အများကြီး ရှိပေမယ့် ဒီနည်းဟာ လုပ်ဆောင်ချက် အစုံဆုံးပါပဲ။ စမ်းသပ်ကြည့်ပါ။ အဆင်ပြေပါစေဗျာ။

No comments:

Post a Comment