13 August, 2008

Label များကို Drop Down ပုံစံဖြင့် ဖော်ပြခြင်း

ဒီပို့စ်မှာ ကျနော်တို့ Label ကို Drop Down List ပုံစံနဲ့ ဘယ်လို ဖော်ပြမလဲ ဆိုတာ ဆွေးနွေးပေးချင်ပါတယ်။ Drop Down List ဆိုတာ အောက်မှာ ပြထားသလိုပေါ့။ တကယ်လို့ အဲဒီလို Drop Down List နဲ့ Label ကို ပြမယ်ဆိုရင် နေရာ အများကြီး ကျုံ့သွားပါတယ်။ ဒါပေမယ့် အညွှန်းတွေကို အကုန်လုံး ခပ်ရှင်းရှင်း ဖော်ပြထားချင်တဲ့ လူတွေအတွက်တော့ ဒီလို လုပ်ချင်မှာ မဟုတ်ပါဘူး။ ကဲ ကျနော်တို့ လေ့ကျင့်ခန်းလေး စလိုက်ရအောင်။


တချို့ ဘလော့ဂ်တွေမှာ Label ကို လုပ်ထားပြီးသား ရှိနေပါလိမ့်မယ်။ တကယ်လို့ လုပ်ပြီးသား ဖြစ်နေရင် အရင်ဆုံး အဲ့ဒီ Label Element ကို အရင် ဖျက်ပေးပါ။ Layout >> Page Element မှာ အဲဒီ Label Element ကို Edit လုပ်ပြီး Remove ခလုတ် နှိပ်ပြီး ဖယ်ပေးပါ။ Label Element ထည့်ထားတာ မရှိတဲ့သူက ဒီကနေ စလုပ်ပါ့မယ်။

Layout >> Edit HTML မှာ Expand Widget Templates ကို အမှန်ခြစ် ခြစ်ပေးပါ။ ပြီးရင်း </b:widget> နဲ့ <b:widget id=' .... ကြားမှာ အောက်က Code ကို ထည့်ပေးပါ။

Line 8 >> width:200px မှာ ကိုယ်နဲ့ အဆင်ပြေမယ့် Width ကို ပြင်ပေးပါ။
Line 9 >> Labels ဆိုတဲ့နေရာမှာ ကိုယ် ပေါ်နေစချင်တဲ့ စာကြောင်း ထည့်ပေးပါ။

ဒါဆို ကျနော်တို့ လိုချင်တဲ့ Drop Down Label List ရပါပြီ။ အဆင်ပြေပါစေဗျာ။

No comments:

Post a Comment