16 August, 2008

မဲပေးရုံတစ်ခု တည်ဆောက်ခြင်း (PollCode)

ကျနော်တို့ စာဖတ်သူရဲ့ ထင်မြင် ယူဆချက်ကို သိချင်တဲ့အခါမှာ ရွေးချယ်စရာ အများကြီးထဲက တစ်ခုကို ရွေးခိုင်းပါမယ်။ နောက်ပြီး မဲပေးလိုက်တာနဲ့ ကျနော်တို့ မဲ ရလဒ်ကို ချက်ချင်း ထုတ်ပြန်ပေးပါတယ်။ လက်ရှိ အခြေအနေထိပေါ့။ Poll Service ပေါ့။ အဲဒီလို လုပ်ချင်ရင် ပုံမှန်အားဖြင့် ကျနော်တို့ Blogger.com ရဲ့ Poll ကို သုံးလို့ရပါတယ်။ နောက်တစ်ခုက Third Party Website တစ်ခု ဖြစ်တဲ့ http://pollcode.com/ ကို သုံးလည်း ရပါတယ်။ Blogger Poll ရဲ့ အားသာချက်က အဖြေတစ်ခုထပ် ပိုရွေးခွင့် ပေးနိုင်ပါတယ်။ သူ့ရဲ့ အားနည်းချက်က အရောင်တွေ ပုံစံတွေကို လိုသလို ပြင်ခွင့်မပေးဘဲ PollCode ကတော့ ပြင်ခွင့်ပေးထားပါတယ်။ ဒါပေမယ့် PollCode ရဲ့ အားနည်းချက်က မြန်မာစာ (ZawGyi Font) သုံးမရဘူးဗျ။ ကျန်တာတွေ တော်တော် အဆင်ပြေပါတယ်။

မဲရုံလေး လုပ်ချင်ရင် http://pollcode.com ကို ၀င်ပေးပါ။ ကိုယ်ပိုင် အကောင့်ဖွင့်ပြီးလည်း လုပ်လို့ရသလို အကောင့်မလုပ်ဘဲ ဧည့်သည်အနေနဲ့လည်း Poll လုပ်ခွင့် ပေးထားပါတယ်။ မေးခွန်းတွေ ဖြည့်၊ ရွေးစရာ အဖြေတွေ ထည့်ပြီး အရောင်တွေ ပုံစံတွေ ပြောင်းပြီးရင်
get poll code ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် သူဖာသာ HTML Code ထုတ်ပေးပါလိမ့်မယ်။ အဲဒီ HTML Code ကို ကော်ပီကူးပြီး Poll ကို Side Bar မှာ ပေါ်ချင်ရင် Layout >> Page Element >> Add a Page Element >> HTML/Javascript မှာ ကူးထည့်ပေးပါ။ တကယ်လို့ ပို့စ်ထဲမှာ ထည့်ချင်တယ် ဆိုရင်တော့ Create New Post လုပ်ပြီး ကူးထည့်ပေးပါ။

ဒါဆို ကျနော်တို့ လိုချင်တဲ့ မဲရုံလေး ရပါပြီ။ တကယ်လို့ မြန်မာလို ပေါ်ချင်တယ် ဆိုရင်တော့ ကျနော်တို့ နည်းနည်း ထပ်ကလိလို့ ရပါသေးတယ်။ ခုနက ကူးထားတဲ့ HTML Code ထဲက အောက်ပါ စာကြောင်းတွေကို ရှာပေးပါ။

<font face="Times New Roman" ဆိုတဲ့ နေရာမှာ <font face="ZawGyi-One" လို့ ပြင်ပေးပါ။ Arial ကို ရွေးထားမယ်ဆိုရင် font face မှာ Arial လို့ ပေါ်နေပါ့မယ်။
တကယ်လို့ မေးခွန်းမှာ ရွေးစရာ အဖြေ ငါးခု ပေးထားရင် <font face="Times New Roman" size=-1 color="00000"> ဆိုတာမျိုး ၆ ခု တွေ့ပါလိမ့်မယ်။ ပထမဆုံး တွေ့ရတာ မေးခွန်း ဖြစ်ပြီး၊ နောက်ပိုင်း တွေ့ရတဲ့ ငါးခုဟာ အဖြေတွေပါ။ ဒီတော့ ကျနော်တို့ မြန်မာလို့ အမေးအဖြေတွေ ရေးချင်တယ်ဆိုရင် ပထမဆုံး တွေ့ရတဲ့ <font face="Times New Roman" size=-1 color="00000"> မှာ ...
<font face="ZawGyi-One" size=-1 color="00000"><b>မေးခွန်းရေးပေးပါ</b></font>
အဖြေတွေအတွက် နောက် ငါးခုကို ထပ်ရှာပြီး ...
<font face="ZawGyi-One" size=-1 color="00000">အဖြေ (၁)</font>
<font face="ZawGyi-One" size=-1 color="00000">အဖြေ (၂)</font>
<font face="ZawGyi-One" size=-1 color="00000">အဖြေ (၃)</font>
<font face="ZawGyi-One" size=-1 color="00000">အဖြေ (၄)</font>
<font face="ZawGyi-One" size=-1 color="00000">အဖြေ (၅)</font>
လို့ ပြင်ပေးပါ။

ဒီမှာ တစ်ခု ပြောစရာ ရှိတာက အခုလို မြန်မာလို ပြင်လိုက်ရင် ကျနော်တို့ ဘလော့်မှာ မြန်မာလို မြင်ရပေမယ့် အဖြေကို http://pollcode.com မှာ ဖော်ပြတဲ့ အခါ မူလ ရေးထားတဲ့ အင်္ဂလိပ်လိုပဲ ပေါ်မှာပါ။ မြန်မာလို မပေါ်ပါဘူး။

ဘာပဲဖြစ်ဖြစ် အခုလို အလွယ်တကူနဲ့ ဖန်တီးလို့ ရတဲ့ မဲရုံလေးကို သဘောကျမယ်လို့ မျှော်လင့်ပါတယ်။ နမူနာလေး တစ်ခု လုပ်ပြထားလိုက်ပါတယ်။ အဆင်ပြေပါစေဗျာ။

ဒီဘလော့ဂ်ဟာ တကယ်ပဲ အသုံးတည့်ပါသလား။
တည့်ပါတယ်
မတည့်ဘူး
ထင်တာပဲ
မထင်ပါဘူး
မပြောတတ်ဘူး
  
pollcode.com free polls

No comments:

Post a Comment