02 August, 2008

Ripway ဖြင့် File Hosting ပြုလုပ်ခြင်း

ကျနော်တို့ Ripway မှာ File တွေ တင်ဖို့ ဆိုရင် ပထမဆုံး သူ့ရဲ့ Site ဖြစ်တဲ့ www.ripway.com ကို သွားရပါမယ်။ အခု စာဖတ်သူဟာ Ripway ကို တစ်ခါမှ မသုံးဖူးသေးတဲ့ လူတစ်ယောက်အနေနဲ့ ယူဆပြီး ကျနော် အသေးစိတ် ပြောသွားပေးပါ့မယ်။ ကျနော် အခု တင်ပြသွားမယ့် အဆင့်ဆင့်ကို အတူတူ လိုက်လုပ်သွားပေးပါ။ ဒါဆို စာဖတ်သူအနေနဲ့ File Hosting ဘယ်လို လုပ်သလဲ ဆိုတာ နားလည်သွားပါလိမ့်မယ်။ ကဲ ကျနော်တို့ လေ့ကျင့်ခန်း စကြရအောင်။

အဆင့် (၁) Ripway ကို ကလစ်နှိပ်ပြီး ၀င်ပေးပါ။

အဆင့် (၂) Sign Up လုပ်ခြင်း
စာဖတ်သူဟာ User အသစ် ဖြစ်တဲ့အတွက် သူတို့ဆီမှာ Account အသစ်တစ်ခု ယူရပါ့မယ်။ အောက်မှာ ပြထားတဲ့ ပုံက Sign Up ဆိုတာကို ကလစ်နှိပ်ပေးပါ။

ဒါဆို အောက်မှာ ပြထားတဲ့ ပုံအတိုင်း ဖြည့်စရာ ဖောင်တစ်ခု ကျလာပါမယ်။


အဲဒီမှာ ကိုယ် ပေးချင်တဲ့နာမည်၊ စကားဝှက်၊ အီးမေးလိပ်စာ၊ နိုင်ငံ၊ မွေးနှစ် စသဖြင့် ထည့်ပေးပါ။ ဖြည့်ပြီးရင်တော့ Sign Up Now! ဆိုတဲ့ ခလုတ်ကို နှိပ်ပေးပါ။ Account အသစ် ဖန်တီးတာ အဆင်ပြေသွားရင်တော့ နောက် တစ်မျက်နှာ တက်လာပြီး အောက်က ပုံပါအတိုင်း အဲဒီနေရာမှာ ခုနက ဖြည့်ထားတဲ့ နာမည်နဲ့ စကားဝှက်ကို ဖြည့်ပြီး Log In ခလုတ်ကို နှိပ်ပေးပါ။


ဒါဆို နောက်ထပ် စာမျက်နှာ တစ်မျက်နှာကို တက်လာပါမယ်။ ဒါဆို ကျနော်တို့ရဲ့ Account ထဲကို ၀င်သွားပါပြီ။ ဒီအဆင့် အထိဟာ Account အသစ် လုပ်တဲ့ လူတွေအတွက်ပဲ ကြုံရမယ့် တွေ့ရမယ့် စာမျက်နှာတွေပါ။ အခု နောက်ပိုင်း တင်ပြမယ့် အဆင့်တွေကတော့ Account ရှိပြီးသား လူတွေနဲ့လည်း သက်ဆိုင်သွားပါပြီ။ Account ရှိပြီး လူက www.ripway.com ထဲ ၀င်တာနဲ့ Login လုပ်ပြီးပြီ ဆိုရင် အခု တင်ပြမယ့် အဆင့်ကို တန်းရောက်သွားပါပြီ။ ကျနော် Hosting ဘယ်လို လုပ်သလဲ ဆက်ဆွေးနွေးကြရအောင် Login လုပ်ပြီး တက်လာတဲ့ စာမျက်နှာရဲ့ အပေါ်ပိုင်းမှာ အောက်က ပုံလို တွေ့ပါလိမ့်မယ်။ တွေ့ပြီဆိုရင် My Files ကို ကလစ်နှိပ်ပြီး ၀င်ပေးပါ။


နောက် တစ်မျက်နှာရဲ့ အလယ်နားကို ကြည့်ပေးပါ။ အောက်က ပုံလို တွေ့ရပါလိမ့်မယ်။ အဲဒီမှာ အစိမ်းနဲ့ ၀ိုင်းထားတဲ့ Upload files ဆိုတာ တွေ့ပါလိမ့်မယ်။ နောက်ပိုင်း ကျနော်တို့ Files တွေ တင်ချင်တိုင်းမှာ အဲဒီ Upload files ကို နှိပ်ပြီး တင်ပါမယ်။ ကဲ ကျနော်တို့ အစမ်းတင်ကြည့်ရအောင်ဗျာ။ Upload files ကို ကလစ်နှိပ်လိုက်ပါ။


နောက် တစ်မျက်နှာရဲ့ အလယ်နားမှာ အောက်ကပုံလို တွေ့ပါလိမ့်မယ်။ အဲဒီမှာ Browse ခလုတ်ကို နှိပ်ပြီး ကိုယ့် ကွန်ပြူတာထဲက ဖိုင်တစ်ဖိုင်ကို ရွေးပေးပါ။ ရွေးပြီးပြီ ဆိုရင် အောက်နားက Upload ကို နှိပ်လိုက်ရင် သူ စပြီး upload လုပ်ယူသွားပါ့မယ်။ Ripway က ဖိုင် ၁၀ ဖိုင် တပြိုင်တည်း Upload လုပ်ခွင့် ပြုထားတာကြောင့် ဆန္ဒရှိရင် တပြိုင်တည်း ၁၀ ဖိုင် တင်လို့ရပါတယ်။


ကျနော်တို့ Browse လုပ်ထားတဲ့ ဖိုင်ကို Upload လုပ်ပြီးပြီဆိုရင် ခုနက အပေါ်ဆုံး Browse ဆိုတဲ့ ခလုတ်ရဲ့ အထက်နားမှာ အောက်က ပုံလို saved ဆိုပြီး ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ စာဖတ်သူ Upload လုပ်တဲ့ ဖိုင်နာမည် ပေါ်ပါလိမ့်မယ်။


ကျနော်တို့ တင်ထားတဲ့ ဖိုင်က ဘယ်နားမှာ ရှိလဲဆိုတာ ဘယ်လို သိနိုင်မလဲ။ ဒါအရေးကြီးပါတယ်။ ကျနော်တို့ လိပ်စာသိမှ ခေါ်သုံးလို့ရမယ်။ လိပ်စာ သိနိုင်ဖို့အတွက် အပေါ်က Menu Bar မှာရှိတဲ့ My Files ကို ကလစ်နှိပ်လိုက်ပါ။ ဒါဆို ကျနော်တို့ ခုနက တင်ထားတဲ့ ဖိုင်ကို တွေ့ရပါလိမ့်မယ်။ အောက်က ပုံမှာဆိုရင် ကျနော် တင်ထားတဲ့ ဖိုင်လေးကို မြင်နေရပါတယ်။


အဲဒီ ဖိုင်နာမည်ရဲ့ အောက်မှာ Direct Link: http://h1.ripway.com/.../WPPremiumBlack.zip ဆိုပြီး တွေ့ပါလိမ့်မယ်။ အဲဒါ ကျနော်တို့ တင်ထားတဲ့ ဖိုင်ရဲ့ လိပ်စာပါ။ အဲဒီလိပ်စာကို အလွယ်တကူ ကူးယူနိုင်ဖို့ လင့်ခ်အပေါ် Mouse Pointer ကို တင်ပြီး Right Click နှိပ်လိုက်ပြီး Copy Link Location ကို ရွေးပေးပါ။ နောက် ကြိုက်တဲ့နေရာမှာ Paste လုပ်လိုက်ရုံပါပဲ။ ကျနော်တို့ တင်ထားတာက mp3 ဖိုင်ဆိုရင် အဲဒီ လိပ်စာကို ညွှန်ပြီး Media Player နဲ့ သီချင်း ဖွင့်လို့ရပါပြီ။ တခြားလူ တစ်ယောက်ယောက်ကို မျှဝေချင်တယ် ဆိုရင်လည်း အဲဒီလိပ်စာလေး ပေးလိုက်ရုံနဲ့ သူ့ဖာသာ Download ယူလို့ ရသွားပါပြီ။ တကယ်လို့ ကိုယ့်ရဲ့ ဖိုင်တွေကို Folder သပ်သပ်စီ ခွဲပြီး သိမ်းချင်သပါ့ ဆိုရင်လည်း အထက်ကပုံရဲ့ ဘယ်ဘက် အပေါ်ထောင့်က ကွက်လပ်မှာ နာမည်ဖြည့်ပြီး Create Subfolder ခလုတ်ကို နှိပ်လိုက်ရင်ပဲ Folder အသစ်တစ်ခု ဖွဲ့စည်းပြီး ဖြစ်ပါလိမ့်မယ်။ မသုံးချင်တော့လို့ ထွက်မယ်ဆိုရင်လည်း စာမျက်နှာရဲ့ ဘယ်ဘက် အပေါ်ထောင့်နားက Log Off ဆိုတာနဲ့ ထွက်ဖို့ မမေ့ပါနဲ့ဦး။

ကဲ ... ဒီလောက်ဆိုရင် Ripway နဲ့ File Hosting ဘယ်လို လုပ်သလဲ ဆိုတာ သိလောက် နားလည်လောက်ပါပြီ။ အဆင်ပြေပါစေဗျာ။

No comments:

Post a Comment