03 August, 2008

Syntax Hightlighter ဖြင့် Code များကို Post တွင် ဖော်ပြခြင်း

ကျနော်တို့ အောက်က ပုံစံအတိုင်း Code ကို ဖော်ပြချင်တယ် ဆိုရင် ....


ဇယားရဲ့ အပေါ်နားမှာ View Plain ကို ကလစ်နှိပ်ပြီး အဲဒီထဲက Code တွေ အကုန်ကူးပေးပါ။ ပြီးရင် </body> </html> ရဲ့ အထက်မှာ ထည့်ပေးပါ။ ပို့စ်ရေးတော့မယ်ဆိုရင် ကိုယ် ထည့်ချင်တဲ့ Code ကို အထက်အောက် <textarea> Tag (သို့) <pre> Tag နဲ့ ဒီလို ရေးပေးပါ။


<textarea name="code" class="css">
      < ---------- Your Code Here !!!
</textarea>


class မှာပါတဲ့ css ဟာ Language အမျိုးအစားကို ညွှန်းတာပါ။ Language အမျိုးအစား (၁၂) မျိုး လုပ်လို့ရပါတယ်။ အဲဒါတွေက c-sharp, css, c, delphi, java, js, php, python, ryby, sql, vb, xml ပါ။ ကိုယ် ပြချင်တဲ့ Language Code ပေါ် မူတည်ပြီး class ကို ရွေးထည့်ပေးပါ။ အဆင်ပြေပါစေဗျာ။

မူရင်း Css နှင့် Javascript ဖိုင်များကို ဒီမှာ ဒေါင်းလုဆွဲ ယူနိုင်ပါသည်။

အကယ်၍ Settings >> Formatting ထဲရှိ Convert Line Break တွင် No လုပ်မထားပါက Syntax များသည် တစ်လိုင်းစီ ပေါ်မနေတော့ဘဲ စုစုပေါင်းမှ တစ်လိုင်းတည်းသာ ပေါ်နေပေမည်။