02 August, 2008

Title Bar ပေါ်မှ ခေါင်းစဉ် ပုံစံပြောင်းခြင်း

ဘလော့ဂ်တစ်ခုကို ၀င်လိုက်ပြီဆိုရင် Browser ရဲ့ Title Bar မှာ အဲဒီ ဘလော့ဂ်ရဲ့ နာမည် တခါတည်း ဖော်ပြပေးပါတယ်။ နောက်ထပ် ပို့စ်တစ်ခုကို သီးခြား ထပ်ဝင်ပြန်ရင်လည်း Title Bar မှာ Blog Title : Post Title ဆိုပြီး ဘလော့ဂ်နာမည်နဲ့ ပို့စ်နာမည်ကို ရှေ့ဆင့်နောက်ဆင့် ဖော်ပြပေးထားတယ်။ အောက်က ပုံ အတိုင်းပဲပေါ့။


အရင်က Blogger မှာ ဒီ Title ကို ကျနော်တို့ ပြင်ခွင့် မရှိပါဘူး။ အခုတော့ Blogger က Title ကို Tag တစ်ခု အနေနဲ့ သီးခြား ဖန်တီးလိုက်တဲ့ အခါမှာတော့ ကျနော်တို့ လိုသလို ဖန်တီးနိုင်ခွင့် ရလာပါတယ်။ တကယ်လို့ ကျနော်တို့ အောက်မှာ ပြထားတဲ့ ပုံကလို Blog Title ကို မဖော်ပြဘဲ Post Title ကိုပဲ မြင်စေချင်တယ် ဆိုရင် ကျနော်တို့ ဘယ်လို လုပ်မလဲ ဆိုတာ ဒီပို့စ်မှာ တင်ပြပေးချင်ပါတယ်။


ဘယ်လို လုပ်သလဲဆိုတာ မရှင်းပြခင်မှာ မေးစရာ မေးခွန်းတစ်ခု ရှိနေပါတယ်။ ဒီလို လုပ်လိုက်တော့ ဘာပိုထူးလာလို့လဲ လို့ မေးစရာ ရှိပါတယ်။ တကယ်လို့ လူ တစ်ယောက်ယောက်ဟာ ကိုယ် ဖတ်ချင်တဲ့ ပို့စ်ကို Search Engine ကနေ ရှာမယ်ဆိုရင် အခုလို ပြောင်းလိုက်ခြင်း အားဖြင့် ပိုပြီး ရှာရလွယ်တာကို တွေ့ပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ Search အတော်များများဟာ စာလုံးတွေကို ရှာတဲ့အခါမှာ Title Tag ကို ဦးစားပေးပြီး ရှာတတ်ပါတယ်။ တကယ်လို့ ကိုယ့်ဘလော့ရဲ့ Title Tag ဟာ ကိုယ့် ပို့စ်ရဲ့ နာမည်ဖြစ်နေတယ်ဆိုရင် အဲဒီ ပို့စ်ကို အလွယ်တကူ တွေ့နိုင်ပြီး ဦးစားပေး ဖော်ပြတဲ့အထဲ ပါသွားပါတယ်။ ဒါကြောင့် အခုလို ပြောင်းလိုက်ရင် Search Engine နဲ့ ရှာတဲ့အခါ အရင်ကထက် ရှာတွေ့ဖို့ ပို နီးစပ်သွားတယ်လို့ ပြောတာပါ။ ကဲ ကျနော်တို့ အရေးပါတဲ့ အကြောင်းရင်းလေး သိပြီးသွားပြီဆိုတော့ လေ့ကျင့်ခန်းလေး စလိုက်ကြရအောင်။ Layout >> Edit HTML ကို သွားပေးပါ။
အပေါ်နားလေးမှာပဲ <title><data:blog.pageTitle/></title> ဆိုတာကို အလွယ်တကူ တွေ့နိုင်ပါတယ်။

အဲဒီ စာကြောင်းအစား အောက်က Code တွေကို အစားထိုးပေးပါ။

ပြင်ပြီး ဆိုရင်တော့ Template ကို Save ပြီး ပို့စ်တစ်ခုခုကို ကလစ်နှိပ်ကြည့်လိုက်ပါ။ Title Bar မှာ ပို့စ်နာမည်ပဲ ပြပြီး အရှေ့မှာ Blog Title ပျောက်သွားတာ တွေ့ရပါလိမ့်မယ်။ အဆင်ပြေပါစေဗျာ။

No comments:

Post a Comment