02 August, 2008

Widget ကို Home Page တွင် မပေါ်အောင် ပြုလုပ်ခြင်း

တချို့ Widget တွေဟာ ဘလော့ဂ် ရဲ့ ပထမဆုံး စာမျက်နှာမှာ ပေါ်နေဖို့ မသင့်လျော်တာတွေ ရှိပါတယ်။ ဥပမာ နှီးနွယ်သောပို့စ်များ (Related Posts) Widget ပါ။ “နှီးနွယ်တဲ့ပို့စ်များ” ဆိုတာ ကိုယ် အခု ဖတ်နေတဲ့ သီးသန့် ပို့စ်တစ်ခုချင်းစီနဲ့ပဲ သက်ဆိုင်ပါတယ်။ မူလစာမျက်နှာမှာ ရှိရှိသမျှ ပို့စ်တွေ ဖော်ပြထားတာ ဖြစ်လို့ သူတို့နဲ့ ဆက်နွယ်တဲ့ ပို့စ်ရယ်လို့ ဖော်ပြစရာ မရှိပါဘူး။ ဒါကြောင့် “နှီးနွယ်သောပို့စ်များ” (Related Post) ဆိုတဲ့ Widget ဟာ Home Page မှာ ပေါ်မနေသင့်ပါဘူး။ အဲဒီလို တခြား Widget တွေလည်း ရှိဦးမှာပါ။ အခု ကျနော် တင်ပြချင်တာက Widget တစ်ခုကို ၀င်ဝင်ချင်း Home Page မှာ မပေါ်အောင် ဘယ်လို လုပ်မလဲ ဆိုတာပါ။ ကဲ ကျနော်တို့ရဲ့ လေ့ကျင်းခန်းလေး စလိုက်ကြရအောင်။ အရင်ဆုံး Layout >> Edit HTML မှာ Expand Widget Templates ကို အမှန်ခြစ် ခြစ်ပေးပါ။

အဆင့် (၁) ပြုပြင်လိုသော Widget အား ရှာဖွေခြင်း

ပထမဆုံး အနေနဲ့ ကျနော်တို့ ပြုပြင်လိုတဲ့ Widget ကို အရင် ရှာရပါမယ်။ Widget မှန်သမျှဟာ <b:widget id=' .... ဆိုတာနဲ့ စတာပါ။ ဥပမာ Related Post Widget ဆိုရင် HTML ပဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူက <b:widget id='HTML နဲ့ စမှာတော့ သေချာတယ်။ ကိုယ်ရှာနေတဲ့ Widget ဟုတ်မဟုတ်ကို အနောက်မှာပါတဲ့ title ဆိုတာနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ပါ။ ဟုတ်ကဲ့။ ကျနော်တို့ ကိုယ် ပြင်ချင်တဲ့ Widget ကို တွေ့ပြီ ဆိုကြပါစို့။

အဆင့် (၂) Widget ၌ Code ပြင်ဆင်ခြင်း

ကျနော်တို့ ပြင်ချင်တဲ့ Widget မှာ ဒီ <div class='widget-content'> စာကြောင်းကို ရှာပေးပါ။
ရှာတွေ့ပြီ ဆိုရင် သူ့ အပေါ်နားမှာ <b:if cond='data:blog.pageType == "item"'> စာကြောင်းကို ထည့်ပေးပါ။
နောက်ပြီး <div class='widget-content'> ကို ပိတ်ထားတဲ့ အပိတ် </div> ကို တွေ့အောင်ရှာပါ။
တွေ့ပြီဆိုရင် သူ့ အောက်နားမှာ </b:if> ကို ထည့်ပေးပါ။
ဒါဆိုရင် ကျနော်တို့ ပြုပြင်ထားတဲ့ Widget ဟာ Home Page မှာ မပေါ်တော့ပါဘူး။

ဥပမာ အနေနဲ့ ပြရမယ်ဆိုရင်

<b:widget id='HTML10' locked='false' title='Popular Pages' type='HTML'>
<b:includable id='main'>
<!-- only display title if it's non-empty -->
<b:if cond='data:title != ""'>
<h2 class='title'><data:title/></h2>
</b:if>
<b:if cond='data:blog.pageType == "item"'>
<div class='widget-content'>
<data:content/>
</div>
</b:if>
<b:include name='quickedit'/>
</b:includable>
</b:widget>

အဲဒီမှာ အနီရောင် ပြထားတဲ့ Code တွေဟာ ထပ်ဖြည့်ထားတဲ့ Code တွေပဲ ဖြစ်ပါတယ်။ အဆင်ပြေပါစေဗျာ။

No comments:

Post a Comment