02 August, 2008

ဆိုရိုးစကားများကို အလှည့်ကျ ဖော်ပြနိုင်သော Widget ဖန်တီးခြင်း

ကျနော်တို့ရဲ့ ဘလော့်ကို တန်ဆာဆင်တဲ့ အနေနဲ့ Sidebar တွေမှာ ဆိုရိုးစကားတွေ၊ ဆုံးမစကားတွေ၊ ဗုဒ္ဓတရားတော်တွေကို ရေးသားထားတတ်ကြတယ်။ အဲဒီလို ရေးသားကြတဲ့ အခါမှာ ပုံမှန်အားဖြင့် Text Widget နဲ့ လုပ်ကြတာ များပါတယ်။ ကျနော် အခု တင်ပြချင်တာက မိမိ ကြိုက်နှစ်သက်တဲ့ ဆိုရိုးစကားတွေကို (၁၅ ခု ဆိုပါစို့) အသေ သက်မှတ်ထားပြီး၊ အဲဒီ ဆိုရိုးစကားတွေကို တစ်ခါ ဖွင့်တိုင်း တစ်ခုကို အလှည့်ကျ၊ တစ်ခါနဲ့ တစ်ခါ မတူအောင် ဖော်ပြလို့ရမယ့် Widget လေး အကြောင်း ရှင်းပြချင်ပါတယ်။

အထက်မှာ ရှိတဲ့ Code မှာ new Array(6); ဆိုတာ ကျနော်တို့ ဆိုရိုးစကား ၆ ခု ထဲက အလှည့်ကျ ဖော်ပြချင်လို့ပါ။ တကယ်လို့ အခု (၂၀) ကမှ အလှည့်ကျ ဖော်ပြချင်ရင်တော့ new Array(20); လို့ ပြင်ပေးရုံပါပဲ။ နောက်ပြီး quotes[] ကိုလည်း quotes[19] = "ဆိုရိုးစကား (၂၀)"; အထိ ရေးပေးရပါ့မယ်။ ဆိုရိုးစကား () ဆိုတဲ့နေရာမှာ ကိုယ် ကြိုက်နှစ်သက်တဲ့ စကားပုံ၊ အဆိုအမိန့် စသဖြင့် ထည့်လို့ရပါတယ်။ အဲလို ပြင်ပြီးပြီ ဆိုရင် Layout >> Page Elements က SideBar မှာ Add a Page Element ကို နှိပ်ပြီး HTML/Javascript ကို ရွေးပေးပါ။ ပြီးရင် ပေါ်လာတဲ့ Text Box ထဲမှာ ပြင်ထားတဲ့ Code ကို ထည့်ပြီး Save ပေးပါ။ ဒါဆို အဆင်ပြေသွားပြီ။

ဒီထက် အဆင်ပြေ လွယ်ကူတဲ့ နည်းတစ်နည်း ရှိပါသေးတယ်။ Hackosphere ကနေ Widget တစ်ခု ဖန်တီးပေးထားပါတယ်။ ဒါပေမယ့် သူက Message ၁၀ ခုပဲ ထည့်လို့ရပါတယ်။ Message ၁၀ ခုကို ဖြည့်ပြီး Generate Code လုပ်ပြီး Add Widget to your blog ဆိုတာနဲ့ ကျနော်တို့ ဘလော့ဂ်မှာ တန်း ထည့်ပေးပါတယ်။ ဒါဆို ကျနော်တို့က ဘာ Code မှ ကိုယ်တိုင် ရေးစရာ မလိုတော့ပါဘူး။ အတော်လေး အဆင်ပြေပါတယ်။ ဒါပေမယ့် Message ၁၀ ခုပဲ ရပါမယ်။ တကယ်လို့ ၁၀ ခုနဲ့ အထက် ပြချင်တယ် ဆိုရင်တော့ အထက်က နည်းကိုသုံးပြီး ကိုယ်တိုင် ရေးထည့်နိုင်ပါတယ်။ Random Message Widget Creator ဆိုတာ Hackosphere က လုပ်ထားတဲ့ Widget ပါ။ ကလစ်နှိပ်ပြီး သွားစမ်းကြည့်နိုင်ပါတယ်။ အဆင်ပြေပါစေဗျာ။

No comments:

Post a Comment