14 September, 2008

ဆက်နွယ်သောပို့စ်စာရင်း ထည့်သွင်းခြင်း (By Labels)

ကျနော်တို့ ပို့စ်တွေရဲ့ အောက်ခြေမှာ သူတို့နဲ့ သက်ဆိုင်တဲ့ နီးစပ်တဲ့ ပို့စ်တွေရဲ့ စာရင်းကို တချို့ ထည့်ပေးချင်ကြပါလိမ့်မယ်။ ဒါမှ အခု လက်ရှိ ပို့စ်ကို ဖတ်ပြီး တခြား ဘာတွေ နီးနီးစပ်စပ် တူညီတဲ့ ပို့စ်တွေ ရှိမလဲဆိုတာ အလွယ်တကူနဲ့ သိရပြီး ဆက်ဖတ်ချင်ရင် ဆက်ဖတ်လို့ ရမယ်။

အရင်က Hoctro ကနေ ဆက်နွယ်တဲ့ ပို့စ်စာရင်းကို Label နဲ့ စစ်ထုတ်ပြီး ဖော်ပြနိုင်အောင် လုပ်ထားပေးတာ ရှိပါတယ်။ သူ့ရဲ့ အားနည်းချက်က ဘလော့ဂ်တစ်ခု ပြောင်းတာနဲ့ လိုက်ပြောင်းလဲ ပေးရတယ်။ တချို့ နေရာလေးတွေ ပေါ့။ နည်းနည်းပါးပါး ဆိုပေမယ့် ဘာမှ မသိတဲ့လူအတွက်တော့ အလုပ်ရှုပ်တာပေါ့။ အခု JackBook.com က ဘာမှ ပြင်စရာ မလိုဘဲ ကိုယ့်ရဲ့ တန်းပလိတ်ထဲမှာ တန်းကူးထည့်ရုံနဲ သုံးလို့ရတဲ့ Code အဖြစ် ပြင်ဆင်ထားတာမို့ အင်မတန်မှ လွယ်ကူသွားပါတယ်။ လုပ်ရမယ့် အဆင့်အနေနဲ့လည်း နှစ်ဆင့်ပဲ ကျန်တော့တယ်။ ကဲ ကျနော်တို့ စပြီး လုပ်ကြည့်ရအောင်။

အဆင့် (၁)
Layout >> Edit HTML ထဲမှာ Expand Widget Templates ကို အမှန်ခြစ် ခြစ်ပေးပါ။
ပြီးရင် <data:post.body/> ကို ရှာပေးပါ။ တကယ်လို့ Peekaboo ပို့စ်ခေါက်တဲ့ လုပ်ဆောင်ချက် ထည့်ထားရင်တော့ <data:post.body/> ဆိုတာ နှစ်ခု တွေ့ပါလိမ့်မယ်။

အဆင့် (၂)
<data:post.body/> တစ်ခုတည်းပဲ တွေ့တယ်ဆိုရင် အဲဒီစာကြောင်းရဲ့အောက်နားမှာ အောက်မှာ ပြထားတဲ့ Code ကို ထည့်ပေးလိုက်ရုံပါပဲ။


တကယ်လို့ <data:post.body/> ကို နှစ်နေရာ တွေ့တယ် ဆိုရင်တော့
<b:if cond='data:blog.pageType == "item"'> ရဲ့ နောက်ပိုင်းမှာ ရှိတဲ့ <p><data:post.body/></p> စာကြောင်းရဲ့ အောက်နားမှာ အထက်က Code ကို အစဆုံး စာကြောင်းနဲ့ နောက်ဆုံးစာကြောင်း ဖြုတ်ပြီး ကူးထည့်ပေးပါ။
ဆိုလိုတာက အပေါ်ဆုံးစာကြောင်းဖြစ်တဲ့ <b:if cond='data:blog.pageType == "item"'> နဲ့ အောက်ဆုံး စာကြောင်းဖြစ်တဲ့ </b:if> ကို ချန်ပြီး ကျန်တာတွေ ကူးထည့်ပေးပါ။

ပြီး Save Template လုပ်လိုက်ရင် ရပါပြီ။ ဒိါဆိုရင် ပို့စ် တစ်ခုချင်းစီ ကြည့်တဲ့အခါ ပို့စ်တွေရဲ့ အောက်ဆုံးမှာ Related Posts By Categories ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆက်နွယ်တဲ့ ပို့စ်တွေရဲ့ စာရင်းကို Label နဲ့ စစ်ပြီး ဖော်ပြပေးပါလိမ့်မယ်။

ကဲ စမ်းကြည့်ကြပါဦး။ အဆင်ပြေပါစေဗျာ။

No comments:

Post a Comment