14 September, 2008

Make a Poll using Vizu

www.vizu.com ကနေ Poll မဲပေးရုံ လုပ်မယ်ဆိုရင် ပထမဆုံး အနေနဲ့ Register လုပ်ရတယ်။ အဆင့်နည်းနည်း များပေမယ့် အတော်လေး အသုံးတည့်ပါတယ်။ မဲရုံ လုပ်ရတာ အဲလောက်လည်း မခက်ပါဘူး။ သူ့မှာ ထူးခြားတာလေးတွေ ဖော်ပြပေးပါမယ်။ ကျနော် မြင်ရမယ့် ပုံစံကို အောက်မှာ ပြထားပါတယ်။



၁။ Flash Player နဲ့ လုပ်ထားတာ ဖြစ်တဲ့အတွက် မြင်ရတာ သပ်ရပ်ပါတယ်။ နောက်ပြီး အမြင် ဆန်းတယ်။
၂။ Flash Player အတွက် Addon လိုပါလိမ့်မယ်။
၃။ အဓိက အားနည်းချက်ကတော့ ကျနော်တို့ သုံးနေတဲ့ ZawGyi Font နဲ့ ရေးလို့ မရခြင်းပါပဲ။ Flash အဖြစ် ချက်ချင်း တန်းပြောင်းတာ ဖြစ်လို့ Pollcode.com တုန်းကလို ပြန်ပြောင်းယူလို့လည်း မရပါဘူး။
၎။ မဲရုံ စမယ့်ရက်နဲ့ ပိတ်မယ့်ရက်ကို ထည့်ပြီး သက်မှတ်ပေးလို့ ရပါတယ်။ သက်မှတ်ရက် အတွင်းပဲ မဲပေးခွင့် ရှိရင် သူ့အလိုအလျောက် လုပ်ပေးပါတယ်။
၅။ အဖြေ ရွေးတဲ့ အရေအတွက် ကို ကန့်သက်နိုင်တယ်။ အဖြေကို တစ်ခုတည်းပဲ ရွေးခွင့် ပေးမလား၊ ၅ ခု အနည်းဆုံး ရွေးခိုင်းမလား၊ ဆိုတာ အတိအကျ သက်မှတ်ပေးလို့ ရပါတယ်။ တချို့ Poll Service တွေက တစ်ခုတည်း ရွေးခိုင်းမလား၊ အများပဲ ရွေးခိုင်းမလားလို့ ခပ်ကြမ်းကြမ်းပဲ Setting လုပ်လို့ရတယ်။ ဒီ Vizu မှာတော့ အတိအကျ ဘယ်နှခု အနည်းဆုံး ရွေးရမယ် ဆိုတဲ့အထိ Setting လုပ်လို့ ရပါတယ်။
၆။ Vizu မှာ ကိုယ်ပိုင် အကောင့်တစ်ခု တည်ဆောက်ပြီးမှကို မဲရုံ လုပ်ခွင့် ပေးပါတယ်။
www.vizu.com/index.html မှာ မဲရုံ လုပ်ယူလို့ ရပါတယ်။ အဆင်ပြေပါစေဗျာ။

1 comment:

  1. Casinos near Casino City, NV | Mapyro
    Find 양산 출장샵 Casinos 포항 출장샵 Near Casino 강릉 출장마사지 City, NV, near Casino 삼척 출장샵 City, NV, on Mapyro. Find related and similar companies as well as 경산 출장마사지 local businesses and groups

    ReplyDelete