20 May, 2012

ကျဘန်း ပို့စ်တစ်ပုဒ် ဖော်ပြခြင်း

ကျနော်တို့ ဘလော့ဂ်တစ်ခုကို သွားလည်ပြီး စာတွေ သွားဖတ်တဲ့အခါ တင်ထားတဲ့ စာတွေက များနေတော့ ဘယ်က စဖတ်လို ဖတ်ရမှန်း မသိ ဖြစ်တတ်ပါတယ်။ အဲဒီလို အချိန်မျိုးမှာ စိတ်ကလည်း ကြုံရာ ကျဘန်း ဖတ်ချင်နေတယ်။ တကယ်လို့ ကလစ်တစ်ချက် နှိပ်လိုက်တာနဲ့ ကျဘန်းပို့စ်တစ်ပုဒ် ဖော်ပြပေးမယ်ဆိုရင် အဲဒီစာဖတ်သူအတွက် အတော်လေး အဆင်ပြေသွားမှာပါ။ အခု ဒီသင်ခန်းစာမှာ ကျနော်အနေနဲ့ လင့်တစ်ချက် နှိပ်လိုက်တာနဲ့ ကျဘန်းပို့စ် တစ်ပုဒ် ဖော်ပြနိုင်ဖို့ ဘယ်လို လုပ်ရမလဲ တင်ပြပေးချင်ပါတယ်။ Gadget တစ်ခုအနေနဲ့ လုပ်ရမှာဆိုတော့ Dashboard >> Layout >> Add Gadget မှာ HTML / JavaScript ရွေးပြီး အောက်ပါ စာကြောင်းတွေကို ထူးထည့်ပေးပြီး Save လုပ်လိုက်ပြီ။ ဒါဆို အဆင်ပြေသွားပါပြီ။ 



တကယ်လို့ ကျဘန်းပို့စ်ကို တစ်ပုဒ်ထက်မက ပြချင်ပြီး ခေါင်းစဉ်တွေပဲ ဖော်ပြချင်တယ်ဆိုရင်တော့ ဒီပို့စ်မှာ သွားလေ့လာနိုင်ပါတယ်။

No comments:

Post a Comment